🌿 Spring Love 15 🌿

Start from the beginning
                                    

နောက်ပိုင်းလည်းဒီလိုအဆင်ပြေရင် Baek ကိုအလုပ်ထွက်
ခိုင်းရမယ်။မတတ်သာတဲ့အခြေအနေကြောင့်သာအလုပ်လုပ်ခိုင်းရတာ
လုံးဝမလုပ်ခိုင်းချင်။ကိုယ်သာအပင်ပန်းခံပြီးအလုပ်လုပ်ပြီး
Baek ကိုအေးဆေးနေစေချင်တာ။
ကိုယ့်အသည်းလေးအရမ်းပင်ပန်းတာသိသည်။

###

Jongin ကသူ့အချိန်ပိုင်း guide ပြသည့်အလုပ်အခြေအနေပြောပြတော့မိသားစုမှာမလုပ်စေချင်သော်လည်းခွင့်ပြုရသည်။
အထူးသဖြင့် Jongin အမေကသားဖြစ်သူကိုအလုပ်မလုပ်
စေချင်။ကျောင်းပြီးချိန်ထိစာသာအဓိကထားလုပ်စေချင်တာ။

ပြသာနာတွေပြေလည်ထားတာမကြာသေးသောအချိန်မို့
Baekhyun ကတော့တလုံးတလေတောင်အကောင်း
အဆိုးဝင်မပြောတော့။အကုန်အဆင်ပြေအောင်ကြည့်နေတာ
အကောင်းဆုံးဘဲလေ။
သူစိတ်လိုက်မာန်ပါအိမ်ကဆင်းသွားတော့မောင်လိုက်ခေါ်သည်။မိဘတွေဆီပါသိသွားတာမို့အမေတို့နောက်ထပ်စိတ်ပူ
ရအောင်မလုပ်ဖို့ဆုံးဖြတ်ထားသည်။

အရင်လိုတခုခုဖြစ်တာနဲ့လက်လွတ်စပယ်ဆုံးဖြတ်လို့မဖြစ်။
မောင့်မျက်နှာရယ်သားသမီးကတစ်ယောက်နဲ့တစ်ဗိုက်
သူတို့ကိုပါကြည့်ရမယ်လေ။
ယောက်က္ခမကလည်းပြသာနာဖြစ်ပြီးနောက်အရင်ကလို
သိပ်ကြည့်မပြောတော့။သူလည်းလျော့သလိုကိုယ်ကလည်း
လျော့ရမှာပေါ့။ဒီယောက်ကျားနဲ့သားသမီးတွေကိုပြတ်လိုမှ
မဖြစ်နိုင်တာ။

အမေးမြန်းထူမလေးသမီးကြီး Tae Rin က Baek
ဗိုက်အနားကပ်ကာစကားတပြောပြော။

*မောင်မောင်လေးရေဘာလုပ်နေ*

" Papa အထဲကလေမောင်မောင်လေးဆိုမိုက်မယ်
သမီးကမောင်လေးဘဲလိုချင်တယ် "

"Tae Rin လေးရ Papa လည်းမသိဘူး
အခုကလနုသေးတောဘာလေးလည်းကြည့်လို့မသိသေးဘူး "

"ဒီသားအစ်ဖတွေဘာတွေပြောနေ
ကိုယ့်ကိုလည်းပြောကြအုံး "

သူ့ Appa လာထိုင်တာနဲ့ Tae Rin ကခွတက်ဆော့တော့သည်။မိန်းကလေးဖြစ်ပြီးဘယ်လို
အငြိမ်မနေတာပါလိမ့်။ငါဘာကြည့်ပြီးများမွေးမိ။သူ့ကိုယ်ဝန်နဲ့
တုံးကအငြိမ်မနေနိုင်ဖြစ်တာတော့သတိရသည်။
ဒီထဲကဟာလေးကရောဘယ်လိုလာအုံးမလည်း။

🌿 Spring Love 🌿Where stories live. Discover now