"တကယ်မသိချင်ဘူးလား ဒီနေ့ကတကယ်တကယ်အရေးကြီးတဲ့နေ့နော်"
Jungkookရဲ့ သိချင်စိတ်ကိုဆွပေးလိုက်ပြီး Jiminတစ်ယောက်လက်နှစ်ဖက်ကိုနောက်ပစ်ကာ ကိုယ်ကိုအသာယမ်းရင်း လူတတ်ကြီးစတိုင်ဖမ်းလိုက်သည်။
Jiminအကြံအောင်မြင်သွားသည်။Jungkookက မျက်လုံးကိုထောင့်ကပ်ကာ တခုခုကိုစဉ်းစားနေသည်။ထို့နောက်ယားချင်ချင်ဖြစ်နေတဲ့နောက်ကျောကိုလှမ်းကုတ်ရင်းကဖြေလာသည်။
"မသိဘူး"
ကောင်းတယ်။
"တကယ်မသိတာလား ဒီနေ့Jungkookမွေးနေ့လေ"
"ဟမ်"
ကျောကို ကုတ်နေတဲ့Jungkookလက်တွေရပ်တန့်သွားကာ Jiminရှိရာဘက်ကို လှည့်လာသည်။တကယ်လားဆိုတဲ့အမေးကိုလည်း မျက်လုံးတွေထဲကတွေ့နေရသည်။
Jimin ပြက္ခဒိန်ကိုလက်ညိုးထိုးပြလိုက်သည်။ဒါတောင်မယုံသင်္ကာနဲ့ ပြူးပြဲကြည့်နေချက်ပဲ။
"အဟုတ်ပဲ မင်းကဘယ်လိုသိတာလဲ"
Jimin ပခုံးနှစ်ဖက်ကိုတွန့်ပြလိုက်သည်။လူကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး အကဲခတ်နေတဲ့ Jungkookပုံစံကတော်တော်လေးရယ်ချင်စရာကောင်းနေသည်။တော်တော်လေးရှည်နေပြီဖြစ်တဲ့ ဆံပင်တွေကကောက်ကောက်လန်နေသေးသည်။ဝတ်ထားတဲ့ဘောင်းဘီက အပွကြီးနဲ့မို့ အားမနာတမ်းပြောရရင်ခြောက်ခြားစရာလည်းကောင်းနေသည်။
"ဘယ်ကိုတုန်းမွေးနေ့ပါဆို ထူးခြားတဲ့နေ့မဟုတ်ဘူးလား တခုခုလုပ်ရအောင်"
ယင်း တခုခုလုပ်ရအောင်ဆိုတဲ့သူ့စကားနောက်မှာ Jungkookရဲ့ မျက်နှာထားအရ တလွဲအတွေးပေါက်သွားပုံရသည်။Park Jiminတို့မြွေဖမ်းမိပြန်ပြီ။
"မဟုတ်ဘူးလေ ငါပြောတာကမွေးနေ့အတွက်ကုသိုလ်ကောင်းမှုလေးဖြစ်ဖြစ်"
"ငါက ဘာပြောရသေးလို့လဲ"
Jiminခမျာ ဒုတိယအကြိမ်မြောက်ပေကလပ်ပေကလပ်ဖြစ်သွားရပြန်သည်။ဟုတ်သား Jungkookမှ ဘာမှမပြောရသေးတာ။ငါလေး ရှက်သွားပြီ အဟီးဟီး။
![](https://img.wattpad.com/cover/185268643-288-k830315.jpg)
YOU ARE READING
❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞
Fanfictionထိုနေ့ညက ရှန်ပိန်တစ်ခွက်ကိုသာ သူ မသောက်ခဲ့ရင်။ (Chronicle of Angels-Season 2)
မင်းနှလုံးသားဆီ Bungee
Start from the beginning