(Chap-2)

4.1K 224 4
                                    

လမ်းထိပ်ကိုရောက်ပြီမို့ car ကိုထဲထိမဝင်ခိုင်းတော့ပဲ လမ်းထိပ်မှာပဲရပ်ခိုင်းပြီး ကိုကိုတစ်ယောက်အိမ်ကိုလမ်းလျှောက်နေပါတယ်။
တကယ်ဆိုကိုကိုဟာစိတ်ကောင်းရှိတဲ့သူပါ။စိတ်ကောင်ရှိလားမရှိလားဆို ကား driver သူတို့လမ်းထဲဝင်လျှင်ကားကျပ်မှာကိုစိုးသောကြောင့် လမ်းထိပ်တွင်ရပ်ခိုင်းလိုက်ရခြင်းသာ။ ကိုကိုတစ်ယောက်လမ်လျှောက်လာစဉ် သူ့စိတ်နှင့်ကိုယ်နှင့်မကတ်သလိုဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတောဩူ့အတွေးထဲမှာ ဆံပင်အရှည် အသားဖြူဖြူနဲ့ အရပ် 5'6"ခန့်ရှိသော မိန်းကလေးကသာ ကြီးစိုးနေသည်။ စိတ်နဲ့ကိုယ်နဲ့မကတ်တဲ့အကျိုးဆက်တေကတော့။ "ဟဲ့ပလုတ်တုတ်" လမ်းပေါ်မှာကျောက်ခဲတစ်လုံးကိုခလုပ်တိုက်မိရ၍ ဒူထောက်ရက်ကတ္တရာလမ်းပေါ်တွင်လဲသွားသည်။ ကံကောင်းချင်တော့ဒီနေ့ဘောင်းဘီထူထူဝတ်လာမိသဖြင့် မပွန်မပဲ့ ပေ။ "တော်သေးတာပေါ့ဘာမှမဖြစ်လို့" "ငါလည်းအတွေးတေလွန်နေပြီ ထိန်းသင့်ပြီထိန်းသင့်ပြီ"ဟုစိတ်ထဲမှာ တွေးကာ မရဲကျောပိုးအိပ်လေးကိုလွယ် ကာလမ်းကိုထော့နင့်ခေါ့နင့်နှင်လျှောက်လာမိသည်။မပွန်းမပဲပေမဲ့လဲကျတဲ့အရှိန်ကြောင့်နာတော့မာနေမည်မလုပ်လား။ ကိုကိုအိ့မ်ကရေကန်နားလေးမှာရျိပါတယ် ရေကန် ကတော်တော်ကြီးပါတယ်။ရေကန်ဘေးနားမှာလျှောက်စရာလမ်ူလေးလည်းရှ်သလို ခုံလေးတေလည်း စီရရီချ ထားတာမို့လို့ ညနေဖက် ချစ်သူစုံတွဲများကြီးစိုးသော နေရာဆိုရင်လည်းမှားမည်မထင်။ အတွဲချောင်းချင်တဲ့ မျက်စိအစာကျွေးသောဝါသနာရှင်လူတန်းစားများ အတွက်တော့ထိုနေရာက တကယ်ကိုကောင်းတဲ့နေရာပါ။ ဒါပေမဲ့ကိုကို ကတော့ဒါတေကိုလုံးဝမကြိုက် ပါ FA ပီပီ အတွဲမြင်ရင်နဲ့ကိုပါး ကြီးဖောင်းပြီးလေပူတေကမှုတ်ထုတ်နေတတ်သည့်အကျင့်ဆိုးကလည်းရှိပါသေးသည်(author နဲ့တူချက်ပဲ မတူလို့လဲမရဘူ author ရေးတာလေ😂😂) အခုကိုကိုတစ်ယောက်လမ်းလျှောက်လာရင်လေပူတေမှုတ်ထုတ်နေပြန်ပြီမှတ်တာ ညနေဘက်ဆိုတော့ရေကန်ဘောင်မှာ စိတ်ဆင်းရဲစရာတေရောက်ရှိနေပြီးသောကြောင့်ဖြစ်သည်။ အရင်ကဆိုလမ်းလျှောက်ရင်အရမ်းမြန်တဲ့ကိုကိုမှာယနေ့ချော်လဲထားတဲ့ ဓာဏ်ကြောက့်သွက်သွက်မလျှောက်နိုင် ပဲထော့ကျိုးဖြစ်နေသည်း
"ခုဏက taxi ကိုအထဲထိဝင်ခိုင်းလိုက်ရင်ကောင်းသား" စိတ်ထဲမှာတောနော့င်တတေတစ်သီတစ်တန်းကြီးရနေမိသည်။ "နောက်ဆိုငါကိုယ်တိုင်ကကိုအားနာတာလျှော့ရမယ်" "မြန်မာနိုင်ငံလွတ်လပ်ရေးတောင် အားနာနေရင်ရမှာမဟုတ်ဘူး"ဟုကိုယ့်ဟာကိုပြောရင်း ရယ်ချင်တာကြောင့် ရယ်လိုက်မိသေးသည်။ အကျယ်ကြီးရယ်လို့ကလည်း မဖြစ်သေး ကန်ဘောင်မှာအတွဲတေနဲ့ သူတို့ကိုရွဲ့စောင်းပြီးရယ်တယ်ထင်ရင်မကောင်း။ ကံကောင်းရင်သူတို့ဆောင်းထားတဲ့ထီးပါမတ္တာလက်ဆောင်ရသွား နိင်တယ်ဆိုပြီး အသံတိတ်သာရယ်မိလိုက်သည်။
ကိုကို က apartment မှာနေတာပါ။ တတိရမြောက်အထပ်မှာနေသဖြင့် အိမ်ပေါ်သို့တက်ရန် ခြေလှမ်းပြင်စဉ် အနောက်မှ သူ့အချစ် တော် ဘိုနီ ကအမှီးလေး နံကာပြေးလာသည်။ "ဟာဘိုနီ အသဲ" ဆိုပြီးဒူတစ်ဖက်ကိုထောက်ပြီးမုဆိုးထိုင်ထိုင်ချလိုက်ကာ ဘိုနီလေးရဲ့လည်ပင်းဘားပွတ်သတ်ပေးနေ သည်။ ဘိုနီ ဆိုတာပုံမှန်လမ်း ဘေးခွေး တစ်ကောင်ဖြစ်ပေမဲ့ ဘိုနီထိုအိမ်ကိုပြောင်းလာကတည်းကတွေ့တာကြောင့်အတော်ကိုပင်သံယောဇဉ်ရှ ခင်တွယ်နေခြင်းဖြစ်သည်။ ထိုတစ်တိုက်လုံး၏ security ဖြစ်သည်(သွားမရုပ်နဲ့နော် ရာထူးကြီးတယ်😂😂)။ ပြီးနောက် အိမ်ပေါ်သို့တက်ခဲ့ သည်။ တတိယထပ်ကိုတက်ရတာမို့လို့ အနည်းငယ်တော့ခြေထောက်ညောင်းပါတယ်။ ကိုကိုကတော့တက်နေရတာပုံမှန်လိုဖြစ်နေတော့ ဒီလောက်ကိုစာမဖွဲ့ပါ။ အိမ်ခန်းရှေ့ရောက်တော့ ဘောင်းဘီအိပ်ကတ်ထဲကသော့လေးကိုထုတ်ကာ ခတ်ထားတဲ့သော့ခလောက်ကိုဖွင့်ပြီးအိမ်ထဲဝင် လိုက်သည်။ အိမ်ထဲဝင်လိုက်သည်နှင့် အထီးကျန်မှုကိုစတင် ခံစားရတော့သည်။ ကိုကိုကသူ့အမနဲ့နေတာပါ သူ့ရဲ့အမေကတော့ငယ်ငယ်ကတည်းကဆုံးသွားပြီး ဖခင်မှာ US မှာအလုပ်လုပ်နေပြီး သူတို့ဆီကို လတိုင်းပိုက်ဆံပို့သည်။ သူ၏အမဖြစ်သူမှာလည်း 9တန်း 10တနိး guide လုပ်သောကြောင့် ညနက်မှအိမ်ပြန်ရောက်လေ့ရှိသည်။ ထို့ကြောင့် ကိုကိုမှာနေ့တိုင်းအိမ်မှာတစ်ယောက်တည်းနေရသည်နှင့်ဘာမှမခြား ပေ ထို့ကြောင့် ကိုကိုအတွက်ခင်တွယ်စရာမှာ စာအုပ်များနှင့်သီချင်းများအပြင်မရှိ။
ဒီကြားထဲဒီနေ့ဖတ်မယ်ဟုစာအုပ်ငှားလာကာမှ ဟိုမမနှင့်ပါသွားသေးသည်။ ပါလာသောစာအုပ်များကလည်း မိန်းကလေးတစ်ယောက်ဖတ်ရန်မသင့်တော်သော စာအုပ်များ။ ထို့နောက်ကိုကိုကသူ့မှားပါလာတဲ့ကျောပိုးအိပ်လေးကို sofa ပေါ်သို့ပစ်တင်လိုက်ပြီး သူလဲ sofa ပေါ် ပစ်လှဲ ချလိုက်သည်။ "ဟူး ငါဘာဆက်လုပ်ရမလဲ" ဘာဆက်လုပ်ရမလဲဆိုတာ သူကျောပိုးအိပ်မှား ပါလာလို့ဆိုတာထက် သူ့ရဲ့ခေါင်းထဲတွင် ဟိုအမ ကတစ်ချိန်လုံနေရာယူထားခြင်းကြောင့်ဖြစ်သည်။ ဖြစ်နိုင်ရင်နောက်တစ်ခေါက်ဆလာက်ထပ်တွေ့ချင်သည်မှာသူ၏ ဆန္ဒပင်။ ထို့နောက်7ကျောပိုးအိတ်လေးကိုဖွင့်ကာသူ၏ library ကတ်လေးကို စိတ်ရဲ့ခိုင်းစေမှုအရထုတ်ကြည့်မိပြန်သည်။

Internal SkyWhere stories live. Discover now