Ep (47)(zawgyi & unicode)

12.6K 993 62
                                    

ဦးငယ်က ကျွန်တော်တို့သားအဖသုံးယောက်ကို ဒေါသတကြီးနဲ့ ဆွဲခေါ်လာပြီး အိမ်ရောက်တော့လည်းကျွန်တော့်ကိုအခန်းထဲ ထည့်ပိတ်ထားပြန်သည်။

အပြစ်မရှိတဲ့သားနဲ့သမီးကိုလည်း အော်ငေါက်နေပြန်ပြီ။ ဦးငယ်ဘာဖြစ်ချင်နေတာလဲ။ ဦးငယ်ရဲ့အခုလို ပုံစံကိုတစ်ခါမှမမြင်ဖူးခဲ့ပေ။ ဦးငယ်နဲ့ကျွန်တော်တို့ တွေ့ခဲ့တဲ့သက်တမ်းတစ်လျှောက် လည်ပင်းညစ်ဖို့တောင်မပြောနဲ့ လက်နဲ့တောင်ရွယ်ခဲ့ဖူးတာမဟုတ်ဘူး။

အိပ်မက်ထဲအထိ ထည့်မမက်ခဲ့ဖူးတဲ့ဖြစ်ရပ်မျိုး ကြုံလာလိမ့်မယ်လို့ လင်းမြတ်တစ်ခါမှမထင်ထားခဲ့ပေ။ ဖြစ်ပျက်သွားခဲ့တာ ခဏလေးဆိုပေမဲ့ ဘယ်လိုမှမေ့မရနိုင်တဲ့ အခိုက်အတန့်ဖြစ်သွားခဲ့တာမဟုတ်လား။

ဘာတွေကိုစိတ်မချဖြစ်ပြီး အခန်းထဲသော့ပိတ်ထားရတာလဲ ဦးငယ်။ ကျွန်တော်ဘာအမှားလုပ်မိလို့လဲ။ ဦးငယ်ကိုပျော်ရွှင်စေချင်ရုံ သက်သက်ပါပဲ။

လူကမွန်းကြပ်လွန်းအား ကြီးလာတာကြောင့် ရေချိုးခန်းထဲသွား ရေပန်းအောက်ထိုင်နေမိလိုက်သည်။ ကိုယ့်လည်ပင်းကိုပြန်ကိုင်မိတော့ ဦးငယ်ရဲ့လက်ရာတွေက ကျန်ရှိနေသေးတယ်ထင် နည်းနည်းလေးနာကျင်နေမိသည်။

အပြင်ပိုင်းနာကျင်မှုထက် နှလုံးသားကပိုနာကျင်ရသည်။ ကျွန်တော့်အပေါ် သိပ်ချစ်ခဲ့တဲ့ဦးငယ်က ဒီလိုလုပ်ရက်တယ်တဲ့လား။ စူးအောင့်လာတဲ့ နှလုံးသားကိုလက်သီးဆုပ်နဲ့ တဖုန်းဖုန်းထုရင်း နာကျင်တာတွေ သက်သာမလားလို့ပေါ့။

ထုရိုက်လေပိုနာကျင်လေ တလိမ့်လိမ့်နဲ့ကျလာတဲ့မျက်ရည်တွေကြား အရင်ကဦးငယ်ပုံရိပ်တွေ ပြန်မြင်ယောင်လာသည်။ကျွန်တော့်ကိုဆို အမြဲအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေခဲ့သူ မဟုတ်လား။ အခုတော့ အပြောင်းလဲကြီးပြောင်းလဲခဲ့ပြီ။ အရာရာတိုင်းကအသစ်တွေ ဖြစ်သွားသလိုပဲ။ ပြန်လာခဲ့ပေးပါ သားသိပ်ချစ်ခဲ့တဲ့ဦးငယ် သားကိုမြတ်နိုးတန်ဖိုးထားခဲ့တဲ့ဦးငယ် သားဆီကိုပြန်လာခဲ့ပေးပါ။

ရေရဲ့အအေးဓာတ်က ခန္ဓာကိုယ်အပူချိန်ကို လျော့ချပေးနေသည်။ အရင်ရက်တွေက ပင်ပန်းထားတဲ့ဒဏ်ရော အခုငိုထားလို့လူကအားမရှိချင်တော့တာရောကြောင့် လင်းမြတ်ထရပ်မယ်လုပ်တော့ လူကမိုက်ခနဲဖြစ်ပြီး ဒူးထောက်ထိုင်ကျသွားသည်။ သေချာတာတော့ ကျွန်တော်ရေပန်းတွေကြား သတိလစ်သွားခဲ့တယ်ထင်သည်။

Kiss ThiefWhere stories live. Discover now