Ep(25)(zawgyi & unicode)

17.9K 1.2K 28
                                    

ဗီဒီယိုကြည့်ပြီးသွားတဲ့နောက်မှာ ဘယ်သူ့ကိုမှစကားမပြောတော့ဘဲ လင်းမြတ်သူ့အခန်းထဲသူဝင်သွားသည်။ ဧည့်ခန်းထဲကျန်ခဲ့သူတွေက

"အဂ္ဂကသားလေးကိုအဲ့လောက်ထိ ချစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ နှင်းတို့ချစ်တာထပ်ကိုပိုတယ်။ နှင်းတို့က အလုပ်ကိစ္စတွေနဲ့ သားလေးကိုဂရုမစိုက်နိုင်ခဲ့ဘူး။ ဒါပေမဲ့အဂ္ဂက နှင်းမထင်ထားရလောက်အောင်ကို....."

"နှင်း ကိုယ့်ကိုအဂ္ဂနဲ့စမိတ်ဆက်ပေးထဲက ကိုယ်အကဲခတ်မိတယ်။ အဂ္ဂရဲ့မျက်ဝန်းတွေထဲမှာ သားကိုအရမ်းမြတ်နိုးတဲ့အရိပ်အယောင်တွေကို ကိုယ်မြင်လိုက်ရတယ်။ ဒါကြောင့်လည်းသားလေးကို အဂ္ဂဆီပို့ပေးခဲ့တာလေ။ ဒါပေမဲ့ကိုယ်တို့သားလေးက သိပ်ခေါင်းကြောမာတာပဲ"

"အဂ္ဂကို နှင်းအရမ်းအားနာတာပဲ။ သားမဖိတ်ဘူးဆိုရင်လည်း နှင်းတို့လှမ်းဖိတ်လိုက်မလား"

"မဖိတ်နဲ့နှင်း သားမဖိတ်တာ အကြောင်းရင်းတစ်ခုခုရှိလိမ့်မယ်။ ကြားထဲမှာတစ်ရက်ရှိသေးတာပဲ စောင့်ကြည့်ကြတာပေါ့"

ဗီဒီယိုကြည့်ပြီး ငိုကြီးချက်မဖြစ်နေတဲ့သန့်ကို သျှားမှာဘယ်လိုချော့ရမှန်းမသိ။ သူကငိုတော့ရင်ခွင်ထဲမှာထည့်ထားတဲ့ သားဖြစ်သူကမျက်နှာမဲ့နေလေပြီ။

"သန့် ဘာလို့ငိုတာလဲကွာ။ ဒီမှာသားသားငိုတော့မယ်"

"ပြောစမ်း သျှား မင်းငါ့ကိုသူ့လောက်ချစ်နိုင်လား ပြော...."

"အယ် သူကသူလေ ကိုယ်ကကိုယ်သက်သက်ဆီ သန့်ကိုမချစ်ဘဲ ကိုယ်လက်ထပ်လို့ရမလား"

"လျှောက်ပြောမနေနဲ့ လက်ထပ်ပြီးတာတောင် မင်းကငါ့ကို သောက်ဖက်လုပ်လို့လားပြော"

"မဟုတ်ဘူးလေ"

"တွေ့လား တွေ့လား မင်းငါ့ကိုတကယ်မချစ်ဘူး "

သျှားမှာခေါင်းကုတ်ရင်း ဘာလုပ်လို့ လုပ်ရမှန်းမသိ မသောက်ပဲနဲ့အရစ်ခံနေရသည်။ သန့်ကအော်ကြီးဟစ်ကျယ်ပြောပြီးငိုတော့ ကြားထဲကသားသားကပါထငိုသည်။ သားကိုချီရင်းချော့ရ သူငယ်နာမစင်သေးတဲ့ချစ်ရသူကိုချော့ရနဲ့ သျှားအတော်လေးတိုင်ပတ်နေသည်။

Kiss ThiefWhere stories live. Discover now