Ep(10) (zawgyi & unicode)

19.9K 1.5K 43
                                    

လင်းမြတ်လွမ်းနေသည့် ကိုလတ်ကတော့ သူတာဝန်ကျရာနယ်ဘက်မှာ လူနာတွေဆေးကုရင်း ပြဿနာအိုးတစ်ယောက်ကို လိုက်ထိန်းကျောင်းနေရတယ်ဆိုတာတော့ လင်းမြတ်လေးမသိရှာပေ။

သျှားဟိဏ်းလတ်တစ်ယောက် နယ်ဘက်ကိုသွားရမည်ဆိုတာ ကြိုသိနှင့်ပြီးသားဖြစ်သည်။ သူတို့လိုဆရာဝန်လောင်းလျာတွေသည် ဆေးရုံကြီးမှာ လုပ်အားပေးပြီးသည်နှင့် နယ်ဘက်သို့သွားရောက်ကာ ဆေးကုသပေးရသည်။

ဆရာဝန်တစ်ယောက်ကို နယ်မြို့လေးတစ်မြို့ပို့သည်။ အဲ့မှာပြဿနာစတာပဲ။ ပြဿနာအိုးကျော်ကြီးတစ်ယောက် သူ့မာမီကမွေးရပ်မြေဖြစ်သည့်တောင်ကြီးမှာတာဝန်ကျအောင် အနောက်ကနေလိုက်စီစဉ်ပေးထားတာကိုငြင်းပယ်ပြီး ခေါင်းမာစွာသျှားဟိဏ်းလတ်သွားရာနောက်ပဲလိုက်မည်ဟု အတင်းတွေပူဆာခဲ့သည်။

ကျော်ကြီးအကြောင်းကို သူ့မာမီသာအသိဆုံးဖြစ်သည်။ ဒီကောင်က အပင်ပန်းသိပ်ခံနိုင်တာမဟုတ်လို့ သူ့မာမီက အကုန်လိုက်စီစဉ်နေတာကို တဇွတ်ထိုးတဇောက်ကန်းကောင်က သျှားနောက်ကိုသာလိုက်ဖို့ဆုံးဖြတ်ခဲ့သည်။

"ဟေ့ကောင် ကျော်ကြီး မင်းကမင်းအိမ်မင်းပြန်ကွာ ငါလည်း ငါတာဝန်ကျတဲ့နေရာသွားမယ်။ လိုက်မရှုပ်နဲ့"

"သျှား ငါကမင်းနောက်ပဲလိုက်ချင်တာ အိမ်မပြန်ချင်ဘူး။ အိမ်ပြန်ရင် မာမီကငါ့ကိုဒယ်ဒီ့ဆီပို့မှာကွ လုပ်ပါကွာ။ ငါ့ကိုကူညီတယ်လို့ပဲသဘောထားလိုက် ငါမင်းကိုလိုက်မရှုပ်ပါဘူးလို့ကတိပေးတယ် တကယ်ပြောတာ"

"ကျစ် အဲ့တာမင်းကိစ္စလေ အခုဟာကငါအပျော်ခရီးသွားတာ မဟုတ်ဘူးကွ ဆေးသွားကုမှာ"

"လုပ်ပါကွာ နော် နော် နော်လို့"

"ငါကမလိုက်နဲ့ဆိုလည်း မင်းကလိုက်မှာမလား မင်းမာမီအကုန်စီစဉ်ပြီးပြီကို ငါ့လာမေးမနေနဲ့ သွား"

သူ့ကိုယ်သူဆရာဝန်ဂုဏ်ပုဒ်မှအားမနာ ခြေထောက်တွေ ဆောင့်အောင့်ပြီး လာချွဲပြနေတာဖြစ်သည်။ ဒီကောင်နဲ့ငဲငဲသာအတူထားလိုက်ရင်တော့ ငဲငဲလည်းချွဲနည်းပေါင်းစုံတတ်လာပြီး သျှားဟိဏ်းလတ်ဘဝလည်းမတွေးရဲစရာပင်။

Kiss ThiefWhere stories live. Discover now