Ep(51)(zawgyi & unicode)

17.1K 966 60
                                    

ခွဲခန်းဝင်ချိန်က ကြာမြင့်ခဲ့ပေမဲ့ခွဲစိတ်မှုအောင်မြင်ခဲ့ပါသည်။ ဆေးရုံကဆင်းတော့ သားလေးဘေးနားမှာနေရတာကြောင့် ဆိုင်ကိုဦးငယ်တစ်ယောက်တည်းသွားဖွင့်နေရလေသည်။

သမီးလေးကတော့ ကျောင်းတက်နေပေမဲ့သားလေးကတော့ ကျန်းမာရေးကြောင့်ကျောင်းနားထားရတာပေါ့။

သားလေးကို ကိုယ်လက်သန့်ရှင်းရေး လုပ်ပေးနေချိန် အခန်းထဲဝင်လာတဲ့ ပန်ပန်ကြောင့်

"ဟာ.... မေမေကလည်းတံခါးမခေါက်ဘဲဘာလို့ဝင်လာတာလဲ"

စောင်လေးအမြန်ဆွဲပြီး အောက်ပိုင်းကိုဖုံးကာ အော်ပါလေသည်။

"ရှက်မနေနဲ့ သားကိုမေမေကိုယ်တိုင်မွေးထားတာ။ ငယ်ငယ်ထဲကမြင်နေကြကို အဲ့လက်ဖယ် မေမေ့သားလေး ဘယ်လောက်အရွယ်ရောက်ပြီလဲကြည့်ရမယ်"

"မေမေရာ.... သားကလေးလေးမဟုတ်တော့ပါဘူးဆို"

ရှက်ရမ်းရမ်းပြီး အော်နေတဲ့သားဖြစ်သူနဲ့ အရှက်ကြီးလွန်းတဲ့ သားကိုလိုက်စနေတဲ့အမေနဲ့တော့ ဟုတ်နေတာပဲ။

"ပန်ပန် သားကိုလိုက်စမနေနဲ့ သားချုပ်ရိုးတွေနာနေလိမ့်မယ်။ အင်္ကျီအမြန်ဝတ်ပေးလိုက် တော်ကြာအအေးပတ်နေမယ်"

အင်္ကျီဝတ်ပေးနေရင်းနဲ့မှ သားဖြစ်သူရင်ဘတ်က ချုပ်ရိုးကြောင်းကိုကြည့်ပြီး မျက်ရည်တွေဝဲနေသည့်ပန်ပန်

အမေဖြစ်သူမျက်ရည်ဝဲနေတာကို မြင်သွားတဲ့သားလေးက

"မေမေကလည်းဘာလို့ငိုနေပြန်တာလဲ။ အဲ့ဒါကြောင့်အခန်းထဲဝင်မလာနဲ့လို့ပြောတာ။ ဒီချုပ်ရိုးမြင်တိုင်းမေမေငိုနေကြ သားဘာသာကြယ်သီးတပ်လိုက်တော့မယ်"

"မေမေတပ်ပေးပါ့မယ်"

"အဲ့ဒါဆို မေမေမငိုနဲ့တော့။ ဖေဖေရောမေမေရောက ဒီချုပ်ရိုးမြင်ရင်ငိုနေကြတော့တာပဲ။ ဘာမှန်းလဲမသိဘူး။ ဒယ်ဒီနဲ့မာမီဆို တစ်ခါမှမငိုဘူး"

နှုတ်ခမ်းလေးဆူရင်း စိတ်ဆိုးတဲ့လေသံလေးနဲ့ ပြောလာတဲ့သားဖြစ်သူကို ပန်ပန်က

"သူတို့နှစ်ယောက်က စိတ်ဓာတ်ကြံ့ခိုင်ကြတယ်လေ ။ မေမေတို့ကအဲ့လောက် စိတ်ဓာတ်မကြံ့ခိုင်ဘူး။ သားရဲ့ချုပ်ရိုးကိုမြင်ရင် ကျန်းကျန်းမာမာနဲ့မမွေးပေးခဲ့မိတဲ့ မေ့မေ့ကိုယ်မေမေအရမ်းဒေါသထွက်တာ"

Kiss ThiefWhere stories live. Discover now