Ep(36)(zawgyi & unicode)

10.9K 766 2
                                    

အိမ်ပြန်လမ်းတစ်လျှောက် ကလေးကမျက်နှာကိုဆူပုတ်ပြီးလိုက်လာလေသည်။ ဘာစကားမှလည်းမပြော အိမ်ရှေ့ကားရပ်လိုက်တာနဲ့ ကားစက်မရပ်ရသေးဘူး ကောက်ခနဲဆင်းသွားတာ လိုက်ချော့ဦးပေါ့ အဂ္ဂရေ။

"ကလေးကိုယ့်ကိုသဝန်တိုနေတာလား"

ကျွန်တော့်အမေးကို မျက်စောင်းတစ်ချက်နဲ့ပစ်သွင်းတာ

"သဝန်မတိုပဲနေမလား။ သား ယောကျာ်းကိုသူများတွေထိတာမကြိုက်ဘူး ဟွန့်  ဦးငယ်ကလူဆိုးကြီး"

ဟောဗျာ ကောက်ခါငင်ခါနဲ့ကျွန်တော်ကလူဆိုးဖြစ်သွားပြန်ပြီလား။ ဆံပင်တုကိုခါရမ်းသွားပြီး အပေါ်ကိုတက်သွားလေရဲ့။ နေဦးခုမှနောက်ကကြည့်မိတာ အင်္ကျီကအရှေ့ကအဲ့လောက်မတိုဘဲ ဘာလို့အနောက်ကအရမ်းတိုနေရတာလဲ။

တရားခံက ကောက်စိန်လေးရဲ့လုံးလုံးဝန်းဝန်းတင်ပါးလေးတွေကြောင့်ဖြစ်လေသည်။ တင်ပါးလေးကလုံးပြီးကောက်နေတော့ အင်္ကျီကအပေါ်ကိုတိုတက်သွားတာနေမယ်။ ဟင် လှေခါးတက်တိုင်းဒီလိုသာမြင်နေရရင် ငါဝတ်ခိုင်းတဲ့ဝတ်စုံက ဘယ်လိုတောင်ဆွဲဆောင်နေတာလား။ အဂ္ဂသူ့ကလေးနောက်အပြေးလိုက်သွားပြီး နောက်ကနေပွေ့ချီကာ အခန်းထဲခေါ်သွားလိုက်သည်။

ကလေးကိုအိပ်ရာပေါ်ပစ်ချပြီး အပေါ်ကအုပ်မိုးကာ

"ဟူး...... ကလေးနောက်တစ်ခါဒီလိုအင်္ကျီတွေမဝတ်တော့နဲ့ အနောက်ကလှမ်းကြည့်တာ......"

ဦးငယ်စကားဆက်မပြောဘဲ အကြည့်လွှဲသွားတယ်လေ။ သားသိတာပေါ့ နောက်တစ်ခါမဝတ်ခိုင်းတော့ဘူးဆိုထဲက သားဘယ်လောက်လှလည်းဆိုတာသိတယ်လေ။

"ဘယ်လိုလုပ်ရမလဲ သားကဒီလိုတွေဝတ်ရတာကိုအရမ်းကြိုက်နေပြီ။ နောက်နေ့ကစပြီးဒီလိုလေးတွေပဲဝတ်တော့မယ်။ သားကအရမ်းချစ်စရာကောင်းနေတော့ လူတွေဝိုင်းကြည့်ကြတယ်လေ။ အဲ့လိုမျိုးလေးကိုသားကသဘောကျ......"

လင်းမြတ်ကိုစကားဆုံးအောင်ပြောခွင့်မပေးဘဲ အနမ်းတွေနဲ့နှုတ်ပိတ်လိုက်သည့်အဂ္ဂ။ ညင်သာပြီးချိုမြိန်တဲ့အနမ်းက လင်းမြတ်ကိုယစ်မူးသွားစေသည်။ နှုတ်ခမ်းကနေလည်တိုင်ကိုအနမ်းတွေခြွေတော့ လူကမနေနိုင်ဘဲ အသံလေးတွေညည်းမိသွားသည်။

Kiss ThiefWhere stories live. Discover now