ညကဆေးအရှိန်တွေကြောင့် ထင်ပါရဲ့ ကလေးလေးမနိုးသေးပေ။ ကလေးကိုအပြင်စာတွေဝယ်မကျွေးချင်တာကြောင့် အဂ္ဂစျေးသွားဖို့ပြင်ရသည်။ ဘာလို့ဆို အပြင်ကဝယ်စားတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့မညီညွှတ်ဘူးလေ။
ကလေးလေးကို ကျွန်တော်ကိုယ်တိုင်ချက်ကျွေးမယ်။ စျေးကပြန်လာသည်အထိ ကလေးမနိုးသေးပေ။ ဒီနေ့တော့ အိပ်ပုတ်လေးဖြစ်လို့ပါလား။ အခန်းထဲဝင်သွားတော့ အိပ်ရာပေါ်မှာ ခြုံထားတဲ့စောင်ကိုဘေးဘက်ကန်ထားပြီး ကားယားလေးအိပ်နေပုံမှာ ချစ်စဖွယ်ကောင်းလှသည်။ ပါးစပ်ကလည်းဟစိဟစိနှင့် ယောင်နေပုံပေါ်သည်။
ဖုန်းထုတ်ပြီးဒီပုံလေးကို မှတ်တမ်းတင်ထားရမယ်။ ဒီကလေးနဲ့တွေ့မှ အဂ္ဂလည်းဓာတ်ပုံခိုးရိုက်သူ ဖြစ်နေရပြီ။ ထိုအချိန် ထမြည်လာတဲ့ဖုန်းringtone
"Call me baby"
အဂ္ဂ လက်ထဲက ဖုန်းတောင်ပြုတ်ကျတော့မရောင်။ ကလေးပါလန့်နိုးသွားတာ ကလေးထယူမလို့ လုပ်ပေမဲ့ သူ့မှာထမယူနိုင်ရှာဘူး။
"ကလေး အဲ့အတိုင်းနေ ကိုယ်ယူပေးမယ်"
ဖုန်းကိုင်ပြီး speakerဖွင့်ပေးလိုက်ချိန်မှာ ထွက်ပေါ်လာသည့်မိန်းကလေးအသံကတော့
"လဒရေ သေနေပြီလား ငါတို့အောက်ကနေ ခေါင်းလောင်းဆွဲနေတာကြာလှပြီ ဆင်းလာတော့ ကျောင်းနောက်ကျမယ်"
ယဉ်ကျေးလွန်းလှတဲ့ အသုံးအနှုန်းကြောင့် အဂ္ဂ မျက်ခုံးတွေ အပေါ်မြောက်သွားမိသည်။
"ငါကျောင်းမတက်တော့ဘူး။ ဆေးခွင့်လေး ယူသွားပေးကြ"
"ဟေ ဘာဖြစ်လို့လဲ"
ကလေးပြောနေတာကို စကားဖြတ်ပြောလိုက်သည့် အဂ္ဂ
"ကိုယ်လိုက်သွားပြီး ခွင့်တင်ပေးမယ်လေ ကလေးတစ်ယောက်ထဲ အိမ်မှာအဆင်ပြေလား"
တစ်ဖက်မှ ဖုန်းပြောနေသူသည် အဂ္ဂအသံကြားလိုက်ရတာကြောင့် အသံများစွာဖြင့်ဆူညံလာတော့သည်။
"ဟဲ့ အဲ့ဒါဘယ်သူလဲ နင့်ဘေးကဘယ်သူလဲ ငါတို့အပေါ်တက်လာခဲ့မယ်"
YOU ARE READING
Kiss Thief