Part ( 22 )

1.8K 70 4
                                    


ပိုင်​ဆိုင်​ခွင့်​​လေး

#ပန်းခြယ်​ရီ

နှစ်​ဦးသ​ဘောတူ ကွာရှင်း ပျက်​ဆဲခြင်း စာချုပ်​~~

အလင်း​ရောင်​ မယုံနိုင်​လို့...မျက်​လုံး များကို ပွတ်​သပ်​ ပြီး စာ​တွေကို ပြန်​ဖတ်​ကြည့်​လည်း...
စာလုံး မ​ပြောင်းလဲသွား...

ကြယ်​စင် က လက်​မှတ်​ ​တောင်​ အကုန်​ထိုး​ပေးပြီးပြီ...။

ဘာ​တွေလဲ~~~

ဘာ​တွေ ဖြစ်​ကုန်​တာလဲ~~~

စာရွက်​ 2ရွက်​ က​တော့...ကွာရှင်း ပျက်​ဆဲတဲ့..
စာချုပ်​ ​တွေ ဖြစ်​​ပေမယ့်​...

ကျန်​ 1 ရွက်​က​တော့~~~

အလင်း​ရောင်​ စာရွက်​ ​လေးကို ဖွင့်​​ဖောက်​ ဖတ်​ကြည့်​​တော့...

ရောင်​.....

             ကြယ်​စင် ​ကို လိုက်​မရှာပါနဲ့...ကြယ်​စင် ကို လိုက်​ရှာ​နေလည်း အပိုပါ...ကြယ်​စင် သိပါတယ်​ ​ရောင်​ ​ခေါ် ​နေတဲ့ 'လှိုင်​ 'ဆိုတာ...​ရောင်​ ချစ်​​နေတဲ့ သူ မှန်း...ကြယ်​စင် ကို မိဘ အတင်း​ပေးစားလို့ ယူခဲ့တာ ဆိုရင်​...​ရောင်​ အခုချိန်​ကစ
လွတ်​လပ်​သွားပြီ...မိဘ ​တွေလည်း ​ရောင့်​ကို
အပြစ်​တင်​ ကြမှာ မဟုတ်​ဘူး...ဒီ လမ်း ကို
ကြယ်​စင် ​ပဲ ​ရွေးချယ်​ တာပါ...​ရောင်​ လည်း
ရောင်​ ချစ်​တဲ့ သူ နဲ့ တသက်​လုံး ရိုး​မြေကျ ​ပေါင်း
သင်းရပါ​စေ​နော်​...ကြယ်​စင် တစ်​ခါထဲ ကွာရှင်း
စာချုပ်​ မှာ လက်​မှတ်​ထိုး​ပေးခဲ့တယ်​...ကြယ်​စင်
တာဝန်​ ​ကျေပါတယ်​​နော်​...ပြီး​တော့ ကြယ်​စင်
ရောင့်​ ရဲ့ မင်္ဂလာ ပွဲကို​တော့ မတက်​ပါရ​စေနဲ့...
ကြယ်​စင် ​ဘာမှ မကြားရဲလို့...အားလုံး နဲ့ ​ဝေးရာကို ထွက်​သွား ပြီ...ညက ကြယ်​စင်​ ကို လူအများ
ရှေ့ မှာ ​အော်​ဟစ်​ ခဲ့တာ ကြယ်​စင် စိတ်​မ​ကောင်းဘူး...​ရောင်​ ကြယ်​စင် ကို ဘယ်​လို​ပြော​ပြော
ဘာ​တွေပဲ လုပ်​ခဲ့ လုပ်​ခဲ့ ...ကြယ်​စင် စိတ်​မ​ကောင်း ဖြစ်​ရုံပါပဲ...​ရောင့်​ကို မမုန်းမိဘူး...အဲ့လို
ပျော့ညံ့​နေတဲ့ ကြယ်​စင် ကိုယ့်​ကိုယ်​ကို ​တောင်​...စိတ်​ပျက်​လာတယ်​...​ရောင့်​ ကို ချစ်​​နေတဲ့...
အချစ်​​တွေ ကြယ်​စင် ဖျက်​သိမ်းနိုင်​မှ...အားလုံး
ရှေ့ ပြန်​လာမယ်​....

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now