Part ( 8 )

1.2K 64 4
                                    

ပိုင်​ဆိုင်​ခွင့်​​လေး

#ပန်းခြယ်​ရီ

ကြယ်​စင်​ ပန်းအိုး​တွေကို ဖိုးခွားနှင့်​အတူ  ​ပေါင်းသင်​ပြီး  ညစာ အတွက်​ ချက်​ပြုတ်​ ဖို့ လက်​​တွေ ​ဆေး​ကြောပြီး အိမ်​ထဲ ဝင်​လာ​တော့...

"...ဟဲ့...သမီး ပြီးပြီ လား..."

"...ဟုတ်​...​မေ​မေ...​မေ​မေ ဟင်းချက်​​တော့မယ်​မလား...သမီး ကူ​ပေးမယ်​​လေ..."

"...ရပါတယ်​ သမီးရယ်​...​မေ​မေပဲ ချက်​လိုက်​ပါ့မယ်​..."

"...ဘယ်​ဟုတ်​မလဲ ​မေ​မေရဲ့...သမီးလည်း ဝိုင်းကူမှာ​ပေါ့..."

"...အမ​လေး...ဟင်းဟင်း...သမီးရယ်​...​အေးပါကွယ်​...ကူချင်​တယ်​ဆို ကူ ​လေ..."

"...ဟုတ်​.."

နှစ်​​ယောက်​သား ချက်​ပြုတ်​ ပြင်​ဆင်​ပြီး

"...သမီး...သွား...ထမင်းစားဖို့ ​ဖေ​ဖေနဲ့ သားကို သွား​ခေါ်လိုက်​..."

"...ဟုတ်​..."

ကြယ်​စင်​ ဦးမြင့်​​ဆွေ ရှိရာ စာကြည့်​ခန်း ကို သွားပြီး

"...​ဖေ​ဖေ ​မေ​မေက ထမင်းစားမယ်​တဲ့"

ဦးမြင့်​​ဆွေ စာအုပ်​ကြည့်​​နေရာမှ...ကြယ်​စင့်​ အသံ ကြား​တော့ ဖတ်​လက်​စ စာအုပ်​ကို ပိတ်
မျက်​မှန်​ချွတ်​ကာ....

"...​အေး​အေး...သမီး...လာခဲ့မယ်​​နော်​..."

"...ဟုတ်​..."

ကြယ်​စင်​ ဦးမြင့်​​ဆွေ ကို ​ခေါ်ပြီး...အ​ပေါ်ထပ်​  အလင်း​ရောင်​ ရှိရာ တံခါးဝ ဆီသို့~~~

တံခါး​ပေါက်​ ဝကိုသာ...ကြယ်​စင်​ ​ရောက်​​နေ​ပေမယ့်​...အခုထိ တံခါး​ကို မ​ခေါက်​ရဲ စကား​ပြောဖို့လည်း မဝံ့ရဲ....

ဟူး~~~

ဘယ်​လိုလုပ်​ရင်​ ​ကောင်းမလဲ....

ဘာမှမဖြစ်​ပါဘူး...အားတင်းထား...ငါ ​ပြောရဲပါတယ်​ ဘာလို့ ​ကြောက်​​နေရတာလဲ...ဘာမှမဖြစ်​ဘူး....   ဘာမှမဖြစ်​ဘူး....

ကြယ်​စင်​ ကိုယ့်​ကိုယ်​ကို အားတင်းပြီး တံခါး​ခေါက်​လိုက်​သည်​....။

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now