Part ( 9 )

1.2K 68 7
                                    

ပိုင်​ဆိုင်​ခွင့်​​လေး

#ပန်းခြယ်​ရီ

ကြယ်​စင်​ တစ်​​ယောက်​ အ​တွေး​တွေနဲ့ ဗြာ များ​နေသည်​..

လမ်း​ရောက်​မှ ​​တွေ့တဲ့သူကို ​မေးမည်​ လုပ်​​ပေမယ့်​ ဘယ်​လမ်းကို စ သွားရမလဲ...ကြယ်​စင်​ မသိ...

မေ​မေခင်​ထား  ကိုသာ   ဖုန်းဆက်​     လှမ်း​မေးရ​တော့မည်​​လေ...

တီ....တီ...တီ

"...ဟဲလို..."

တစ်​ဖက်​က ​မေ​မေ့ အသံကြား​တော့...ကြယ်​စင်
အားငယ်​စိတ်​​ကြောင့်​ ငိုချင်​​နေမိ၍ ​ဒေါ်ခင်​ထား
ရဲ့ 'ဟဲလို' ကို တန်းပြန်​မထူးဘဲ ပါးစပ်​ ကို အသာ ပိတ်​ကာ ကျ​နေ​သော မျက်​ရည်​ ​တွေကို သုတ်​ပစ်​ပြီးမှ....

"...ဟဲလို .."

"ဟဲ့...သမီး ဘာဖြစ်​လို့လဲ...​မေ​မေက ဖုန်းဆက်​ပြီး သမီး အသံမကြား​တော့...ဘာများဖြစ်​​နေတာလဲ ​ပေါ့..."

"ဘာမှမဖြစ်​ပါဘူး...​မေ​မေရဲ့...သမီးက ​မေ​မေ ဖုန်းမကိုင်​​သေးဘူးဆိုပြီး ​နေ​နေတာ...​မေ​မေ ဖုန်းကိုင်​လိုက်​မှန်းကို​တောင်​...သမီး မသိလိုက်​ဘူး..."

"ဟင်း...ဟင်း...ငါ့သမီး​လေး က​တော့..."

"..ဟီး...ဟီး..."

ကြယ်​စင်​ အတတ်​နိုင်​ဆုံး ပြုံးရယ်​​နေလိုက်​သည်

"သမီး...​မေ​မေတို့ကို လွမ်း​နေလို့လား...ဟွန်​...သမီးရယ်​...တစ်​ရက်​​တောင်​ မရှိ​သေးဘူး...လွမ်း​နေပြီလား....ဟွန်​..."

"...ဟုတ်​တယ်​ ​မေ​မေရဲ့...လွမ်းလည်းလွမ်းလို့
ဟီးဟီး...ပြီး​တော့ စပ်​စုချင်​​လေးတာ​လေး​တွေလည်း ရှိတာနဲ့..."

"...ဖြစ်​ရမယ်​...သမီးရယ်​...ကဲ ​ပြော...ဘာအ​ကြောင်း ကို စပ်​စုချင်​တာလဲ..."

"​အော်​...ဟို...ဒီမှာ​လေ လိုင်းကား​တွေ မရှိဘူးလားလို့..."

"...​အော်​...သမီးကလည်း ဘာလို့မရှိရမှာလဲ...ရှိတာ​ပေါ့...သမီးရဲ့...သမီးက ဘာဖြစ်​လို့ ​မေးတာလဲ..."

"​အော်​...သမီး ဇာတ်​ကား ကြည့်​​နေတာ..မင်းသမီး ​လေးက လိုင်းကားပတ်​စီးပြီး မြို့​​ကို ​လျှောက်​လည်​ ​နေတာ...အာ့ အားကျလို့ ​မေ​မေရဲ့..."

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now