Part ( 20 )

1.6K 73 6
                                    


ပိုင်​ဆိုင်​ခွင့်​​လေး

#ပန်းချယ်​ရီ

"...ကိုယ်​ သွားပြီ...​ဖြေး​ဖြေး လည်း ​မောင်းပြန်​ဦး..."

"...အင်းပါ...လှိုင်​ သွား​တော့မယ်​ ​နော်​..."

"...အင်း...တာ့တာ.."

"...တာ့တာ.."

လှိုင်​ပွင့်​​ဝေ ကား​မောင်းသူ ​နေရာ ထိုင်​ခုံ မှာ ထိုင်​၍ အလင်း​ရောင်​ ကို လက်​ပြနှုတ်​ဆက်​ပြီး ကား​မောင်း ထွက်​သွား သည်​...။

"...ဆရာ​လေး...ပြန်​လာပြီလား..."

"..အွန်း..."

အလင်း​ရောင်​ ဖိုးခွား အ​မေးကို ပြန်​​ဖြေပြီး...​လှေကား ​ပေါ် တက်​ပြီးမှ~~~

"...ကြယ်​စင် ​ရောက်​လာ​သေးလား.."

"...ဟုတ်​ကဲ့..."

"...​သူ ပြန်​သွားပြီလား...ပြန်​သွားတာ ဘယ်​​လောက်​ကြာပြီလဲ...တန်း ပြန်​သွားတာလား..."

"....သူ တန်းမပြန်​ဘူးဗျ...ကျွန်​​တော်​ တို့ နဲ့ ထမင်းဟင်း ​တွေ စား​ပြီးမှ...ပြန်​တာဗျ..."

"...​အော်​...သူ အခု​လောက်​ဆို.. အိမ်​ ပြန်​​ရောက်​သွားပြီ​ပေါ့..."

"...​ရောက်​ပြီ​ထင်​တယ်​...ဆရာ မိုး​သောက်​ ပြန်​လိုက်​ပို့တာ ဆို​တော့ ကျွန်​​တော်​ လည်း အတပ်​ မ​ပြောတတ်​ဘူး ဗျ..."

"...ဘယ်​လို...မိုး​သောက်​ လိုက်​ပို့တာ..."

"...ဟုတ်​ကဲ့ဗျ...ဆရာ​လေး က​တော်​ ကို ဆရာ မိုး​သောက်​ အိမ်​ ပြန်​လိုက်​ပို့​​ပေးမယ်​ ဆိုပြီး ​ခေါ်သွားတယ်​...."

"...သူက ဘယ်​က​နေ ဘယ်​လို လိုက်​ပို့တာလဲ...လမ်းမှာ ​တွေ့ ဖြစ်​ကြတာလား..."

"...မဟုတ်​ဘူး ဗျ...​နေ့လယ်​စာ ထမင်းစားချိန်​ ဆရာ မိုး​သောက်​ လည်း ​ရောက်​လာတာနဲ့ အားလုံး ထမင်း အတူ စားပြီးမှ ဆရာ​လေး က​တော်​ ကို သူပဲ လိုက်​ပို့​ပေးမယ်​ ဆိုပြီး ​ခေါ်သွားတယ်​ဗျ..."

"...အင်း..."

အလင်း​ရောင်​ ​လှေကားထစ်​ ​တွေ ကို တစ်​ထစ်​ချင်းစီ တက်​ရင်း~~~

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now