Part ( 10 )

1.3K 92 26
                                    

ပိုင်​ဆိုင်​ခွင့်​​လေး

#ပန်းခြယ်​ရီ

အလင်း​ရောင်​ ကားကို အရှိန်​ပြင်းပြင်းနှင့်​ ​မောင်း​နေမိသည်​...။

သူမ ကို ​ဈေးလိုက်​ပို့ဖို့ ...ပြန်​​ရောက်​​နေတာ
၃နာရီ ကတည်းက...အိမ်​ပြန်​​ရောက်​​တော့ ခြံ
တံခါး အိမ်​တံခါး အကုန်​ ​သော့ခတ်​ပိတ်​ထားသည်​​လေ...​တော်​​သေးသည်​...​သော့​တွေကို ခွဲ ယူထားကြလို့...။

သူမ ​ဈေးသွားသည်​ က ဘယ်​လို သွားလဲ မသိ​ပေမယ့်​...သူမ ကို ထိုင်​​စောင့်​​နေဦးမယ်​ ဆိုပြီး..
ထိုင်​​စောင့်​​နေတာ ကြာပြီ...။

၎နာရီ နှင့်​ ပြန်​မလာ...၅နာရီ ထိုးလည်း ပြန်​မလာ...။

အ​မေ တို့အိမ်​များ ​ရောက်​​နေမလားဆိုပြီး ဖုန်းဆက်​ တီး​ခေါက်​ကြည့်​မိ​တော့....

အ​မေက

"...သားတို့ လင်​မယား ဒီ​နေ့ ထူးဆန်းလှချည်​လား...သားတို့ အိမ်​​လေး ​ရောက်​တာဖြင့်​ 1ရက်​​တောင်​ မပြည့်​​သေးဘူး...ဖုန်း​တွေ ဆက်​ကြလို့ပါလား...ဘာလဲ သားတို့ အဆင်​မ​ပြေကြဘူးလား...ဟမ်​...သား...​မေ​မေ့ကို ​ပြောစမ်း..."

"....မဟုတ်​ပါဘူးဗျာ...​မေ ကလည်း...သားက ကိုယ့်​အ​မေဆီ ကိုယ်​ဆက်​တာပဲ...ဘာလဲ မဆက်​ရဘူးလား...ငြို ငြင်​တာလား...​မေက "

"အမ​လေး...ဟင်းဟင်း...​အေးပါကွယ်​...သားတို့ အဆင်​​ပြေ ရင်​ ပြီးတာပါပဲ..."

ကြယ်​စင်​ များ .... ရှိ​နေမလား...သိချင်​တာနဲ့

"...အ​မေ တစ်​​ယောက်​ထဲလား..."

"...​အေး​လေ...သား အ​ဖေမှ ပြန်​မလာ​သေးတာ...အဲ့​တော့ အ​မေ ၁​ယောက်​ထဲ​ပေါ့..."

"...​အော်​...ဟုတ်​.."

"...သားနဲ့ အတူတူ ပဲ မဟုတ်​ဘူး လား...​မေ့ကို လာ​မေး​နေ​သေးတယ်​.."

"...မဟုတ်​ဘူး...​မေ​...သား ဒီ​နေ့ အ​စောပြန်​လာလိုက်​တာ...အ​ဖေ့ကို ​ခွင့်​​ပြောပြီး...မနက်​ဖြန်​ ကစ ပြီးမှ သား...လုပ်​ပါ့မယ်​လို့..."

"...​အေးပါကွယ်​...အလုပ်​မှာ ကြိုးစား​နော်​..လက်​​အောက်​က သူ​တွေ အရို​သေ မတန်​​စေနဲ့...ကြားလား...ပြီး​တော့ အလုပ်​ချည်း ဇွတ်​ အတင်းလုပ်​မ​နေနဲ့ဦး...​မေ​မေတို့ သားအတွက်​ ရှာ ထားတာ သား...​အေး​ဆေး​နေရ​ပေမယ့်​ သား ကို တာဝန်​​တွေ မလစ်​ဟင်း​စေချင်​ဘူး...သား ကို တန်​ဖိုး မရှိတဲ့သူ မဖြစ်​​စေချင်​ဘူး..."

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now