Part ( 16 )

1.4K 74 9
                                    


ပိုင်​ဆိုင်​ခွင့်​​လေး

#ပန်းခြယ်​ရီ

အလင်း​ရောင်​ မျက်​စိ ​ရှေ့က ကြယ်​စင်​ ကို ကြည့်​မိ​တော့ ကိုယ့်​အသံ ကို ကိုယ်​ပြန်​သတိထားမိသွားကာ....

"...မင်း​တောင်းထားတာ မဟုတ်​ဘူး လား..."

".ရှင်​..."

ဘာလဲ...ဘာကို ​တောင်းဖူးလို့လဲ..ဘယ်​တုန်းက ​တောင်းခဲ့ဖူးလို့လဲ...ဘယ်​သူ့ကို ​တောင်းလို့လဲ...

ကြယ်​စင် စိတ်​ထဲ ​ယောက်​ယက်​ခတ်​ ​နေ​အောင်​ ​တွေး​နေမိသည်​...။

အခုမှ ဘာမှ မသိသလို လုပ်​​နေတာက တကယ်​အတိုင်းပဲ....မင်း သရုပ်​​ဆောင်​ ​ကောင်းလှချည်​လား~~~

"...ဒါ ကြယ်​စင် မ​တောင်းဖူးဘူး...ဘယ်​သူ့ဆီမှာ ကြယ်​စင်​ ​တောင်းခဲ့ဖူးလို့လဲ..."

"...မင်း...ငါ့မိဘ​တွေဆီမှာ ​တောင်းခဲ့တာ​လေ..အခုမှမသိချင်​​ယောင်​ ​ဆောင်​​နေရတာလဲ..."

"...ဘာ​တွေ​ပြော​နေတာလဲ ကြယ်​စင် တကယ်
မသိတာ...မသိတာကို မသိဘူးလို့ ​ပြောတာပါ...မသိချင်​​ယောင်​​ဆောင်​ ​နေတာလည်း မဟုတ်​ပါဘူး...ကြယ်​စင်​ ဘယ်​သူ့ဆီမှာမှ ဘာမှ မ​တောင်းဖူးဘူး..."

"...အာ့ဆို ငါ့အ​ဖေ က မင်းကို အဆက်​အစပ်​ မရှိ ကားဝယ်​​ပေးလိုက်​ရတာလဲ..."

"...အာ့ ကြယ်​စင် ဘယ်​သိမလဲ..."

"...မင်း အခုမှ ဘူး မခံနဲ့..."

"...ဘူး ခံ​နေရတာ မဟုတ်​ရပါဘူး...ကြယ်​စင် မသိလို့ မသိဘူး ​ပြောတာ...ကြယ်​စင်​ ​ရောင့်​မိဘ​တွေကို မ​နေ့ကမှ ​တွေ့တာ...အာ့လည်း ​ရောင်​လည်း ရှိ​နေတာပဲ...အကုန်​လုံး အတူ ထမင်းစားခဲ့ကြတာပဲ...ဘယ်​မှာလဲ ကြယ်​စင် ကား အ​​ကြောင်း ​ပြောခဲ့တာ.."

"...ဟ...မင်းနဲ့အ​မေ နှစ်​​ယောက်​ထဲ ရှိတဲ့အချိန်​ မင်း ​ပြောမှာ​ပေါ့..."

"...အဲ့လို ကြယ်​စင် မ​ပြောခဲ့ဘူး...​မေ​မေနဲ့ သာ​ကြောင်း မာ​ကြောင်း လမ်းအ​ကြောင်း ပန်း​စိုက်​တဲ့အ​ကြောင်း ဒါ​တွေပဲ ကြယ်​စင် တို့ ​ပြောခဲ့တာ..."

ပိုင်​ဆိုင်​ခွင့်​​လေး...Kde žijí příběhy. Začni objevovat