ဒီ​ကောင်​...​နေ့လယ်​ စာ စားချိန်​ဆို...ဒီကိုပဲ ​ရောက်​လာ​နေတာ...ပြီး​တော့
သူက ဘာကိစ္စ ကြယ်​စင် ကို လိုက်​ပို့ရတာလဲ...
ကြယ်​စင် က​ရော...သူ လိုက်​ပို့မယ့်​ ကိစ္စ ကို...
မငြင်း ဘူးလား....
ကိုဖိုးခွား က​ရော...သူပဲ လိုက်​ပို့​နေကျ ကို ဘာလို့...ဒီ​နေ့မှ အိမ်​ပြန်​ လိုက်​မပို့​တာလဲ...

လက်​က နာရီ ငုံ့ကြည့်​​တော့....

ကျစ်​....

"...အခုမှ 2နာရီ ပဲ ရှိ​သေး...​နှေးလိုက်​တာကွာ...ဒီ​နေ့ မှ..."

အလင်း​ရောင်​ တစ်​​ယောက်​ထဲ နာရီ ကြည့်​လိုက်​...​ရှေ့နဲ့ ​နောက်​ ​ခေါက်​တုံ့​ခေါက်​ပြန်​ ​လျှောက်​လိုက်​ တစ်​​ယောက်​ထဲ ဗြာများ​နေသည်​...။

"...ဆရာ​လေး..."

"................"

"...ဆရာ​လေး..."

"...ဟင်​...အင်း...ဘာဖြစ်​လို့လဲ...ကိုနိုင်​..."

"...ဒီ​နေ့ အလုပ်​သမား ​တွေကို ​ငွေထုတ်​ ​ပေးဖို့..ပါ..."

"...အာ...ဟုတ်​သား...ကျွန်​​တော်​ ​မေ့​နေတာဗျာ..ဘဏ်​ သွားဖို့က 2 နာရီ ​တောင်​ ထိုး​နေပြီ...မှီပါတယ်​...ကျွန်​​တော်​ ဘဏ်​ ​မြန်​မြန်​ ​ပြေး ထုတ်​​ပေးမယ်​..."

"...ဟုတ်​..."

"...ကိုဖိုးခွား..."

"...ဗျ..."

"...ဘဏ်​ သွားရ​အောင်​.."

"...ဟုတ်​ကဲ့..."

ဟူး...

ဒီ​နေ့ အိမ်​ ​စော​စော ပြန်​ချင်​ပါတယ်​ ဆိုမှ...
ပိုက်​ဆံ ထုတ်​​ပေးမယ့်​ ရက်​နဲ့ လာတိုက်​​နေ​သေးတယ်​....ဒီ​နေ့ ဘယ်​လိုပဲ ဖြစ်​ဖြစ်​ အိမ်​ပြန်​ ​နောက်​ကျ မှာပဲ....ကျစ်​....

.

ကြယ်​စင် အိမ်​ပြန်​​ရောက်​တာ 4နာရီ ထိုးခါ နီး​နေပြီ...

မြန်​မြန်​ အဝတ်​အစား လဲ....
ည​နေစာ အတွက်​ ချက်​ပြုတ် ပြင်​ဆင်​​နေရပြန်​သည်​...။

အိမ်​ရှင်​မ ​တွေက​တော့...အမြဲ မီးဖို​ချောင်​ ပဲ...
မနက်​ ​နေ့လည်​ ည မပျက်​မကွက်​ ...မပျင်းမရိ
မညီးမညူ ဘဲ ပုံမှန်​ အတိုင်း လင်​သား နှင့်​ မိသားစု ​တွေ အတွက်​ ​နေ့ရှိသ​ရွေ့ ချက်​ပြုတ် ​ကျွေး​မွေး ​နေရသည်​ က အိမ်​ရှင်​မ တိုင်း လိုလို...။

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now