မီးဖို ​ပေါ်တင်​ထား​သော...အိုး ၏ အပူရှိန်​ က...
ကြယ်​စင် ​လောက်​ ပူ​လောင်​​နေပါ့မလား~~~

ဆူပွက်​ ​နေ​သော ​ရေ​နွေးအိုးက​ရော....
ကြယ်​စင် ​လောက်​ ဆူပူ​နေပါ့မလား~~~~

ကြယ်​စင် စိတ်​​တွေ ​ယောက်​ယက်​ခတ်​ ​နေ​တော့....ဟင်းချက်​ရင်း...တလွဲတ​ချော်​ ဖြစ်​​နေရသည်​....။

ဆားထည့်​ရမည့်​ ဟင်းထဲ သကြား ​တွေ ထည့်​လို့ထည့်​....
အချိုမှုန့်​ ​တွေ ကို ဇွန်းဖြင့်​ ​ခပ်​မထည့်​မိဘဲ...
ဘူးလိုက်​ ​လောင်းချ​နေမိသည်​...။

ဟင်း​တွေ အရသာ ပျက်​ကုန်​လို့ အစအဆုံး ပြန်​ချက်​ ​နေရသည်​....။

အစအဆုံး ပြန်​ချက်​​နေရတာနဲ့တင်​...ကြယ်​စင် အလုပ်​များ​နေရပြီ...။

ကြယ်​စင် ဘယ်​သူ့ဆီကို ​ပြေးသွားပြီး...ဒီ
ခံစားချက်​ ​တွေ ကို ​ပြေးသွားဖွင့်​​ပြောရမလဲ~~~

ဘယ်​သူ့ဆီကို သွားပြီး...အကူအညီ သွား​တောင်းရမလဲ~~~

ကြယ်​စင့် ကို ဘယ်​သူက​ရော ကူညီ နိုင်​ပါ့မလဲ~~~

ကြယ်​စင် မီးဖို ဂတ်​စ်​ ကို ပိတ်​ကာ....

ဟင့်​....ဟင့်​....

ကြယ်​စင် ထိုင်​ချပြီး ငို​နေမိသည်​....။

.

နေ့လယ်​ ထမင်းစား ချိန်​ ​ရောက်​​တော့...ကိုဖိုးခွား လာကြို​နေသည်​နှင့်​~~~

ရေ မြန်​မြန်​ ချိုးလိုက်​သည်​....။

မို့​ဖောင်းအစ်​​နေ​သော...မျက်​လုံး အိမ်​​တွေကို
မသိသာ​အောင်​...မိတ်​ကပ်​ များများ ဖို့ ​သော်​လည်း...သိသာ ​နေသည်​...။
ထို မျက်​လုံး ​တွေကို...မသိသာ​အောင်​...
ပါဝါ မပါ​သော...မျက်​မှန်​ ဝိုင်း ကို တပ်​ထားလိုက်​သည်​....။

လိုအပ်​တာ​တွေ ပြင်​ဆင်​ပြီး...မြန်​မြန်​ ​အောက်​ထပ်​ ​ပြေးဆင်းရသည်​...။

ပုံမှန်​ အချိန်​ထက်​ ​နေ့လယ်​ ထမင်းချိုင့်​ ပို့ရန်​....
မိနစ်​ ဝက်​​ကျော်​ ​လောက်​ ​နောက်​ကျ​နေရသည်​...။

.

ဆိုက်​ကို ​ရောက်​​တော့~~~

"...ဟင်​...ဆရာ​လေး မရှိဘူးလား..."

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now