Zhang lao ငယ်​ငယ်​တုန်းက အမဲသားနှပ်​အာလူးဟင်းကို အကြိုက်​ဆုံးဖြစ်​သည်​။ အခုသူအသက်​ကြီးလာပြီ ဖြစ်​တဲ့အတွက်​ သွား​တွေလည်းမ​ကောင်း​တော့ဘူး၊ အသားများများစားရင်​ အစာမ​ကြေဖြစ်​တတ်​တဲ့ အတွက်​ အမဲသားဟင်းထဲမှာပါတဲ့ အာလူးကိုပဲ စား​တော့သည်​။ ဒါ​ပေမဲ့ အာလူးဟင်းအရသာအ​ပေါ်ထားတဲ့ သူ့စံနှုန်းက အလွန်​မြင့်​မားသည်​။

Zhang lao ဟာ ဧည့်​ခန်းထဲမှာ သတင်းစာဖတ်​ပြီး လက်​ဖက်​ရည်​​သောက်​​နေတုန်း မီးဖိုခန်းက​နေ ​မွေးကြိုင်​တဲ့ဟင်းနံ့ထွက်​လာသည်​။သူ သွားရည်​​တွေယိုလာပြီး ဗိုက်​ကပါ တဂွီဂွီ မြည်​လာသည်​။သူငယ်​စဉ်​က အစား​ကောင်းကြိုက်​ပြီး တသီးတခြား​နေတတ်​သည်​။ LDY ကို ​ပေါင်းသည်​ဆိုသည်​မှာ LDY ချက်​​သောဟင်းများကို မကြာခဏစားရသည့်​အတွက်​ဖြစ်​သည်​။

နှစ်​​ပေါင်းများစွာ ကုန်​လွန်​​တော့ Zhang lao ရဲ့ အစားအ​သောက်​​ပေါ်ထားသည့်​ အရသာစံနှုန်းက တဖြည်းဖြည်းမြင့်​လာသည်​။ သူ့အိမ်​ကစားဖိုမှူးချက်​တဲ့ ဟင်း​တွေက သူများ​တွေအတွက်​ အလွန်​​ကောင်းမွန်​တဲ့ဟင်းဖြစ်​​ပေမယ့်​ zhang lao အတွက်​​တော့ သာမန်​ထက်​မထူးခြားဘူး။ဒါ​ပေမဲ့ ဒီ​နေ့အမဲသားနှပ်​အာလူးဟင်းရဲ့​မွေးရနံ့က သူ့စားချင်​စိတ်​ကို ပြင်းပြင်းထန်​ထန်​ နှိုးဆွ​နေသည်​။

Zhang lao ​ဆက်​ပြီးထိုင်​မ​နေနိုင်​​တော့ဘဲ လက်​​နောက်​ပစ်​ကာ မီးဖိုခန်းထဲကိုဝင်​လာသည်​။ပြီး​တော့ မီးဖို​​ပေါ်က အမဲနှပ်​အာလူးဟင်းအိုးကို စိုက်​ကြည့်​​နေသည်​။ jing yang လှည့်​ကြည့်​လိုက်​​တော့ zhang lao ဟာ အခန်းဝမှာ ရပ်​​နေသည်​။ " ဆာ​နေပြီလား? ​နေဦး ကျွန်​​တော်​ပိုပြီးစား​ကောင်း​အောင်​လို့လုပ်​လို​က်​ဦးမယ်​။ အဘိုးရဲ့ ခြံထဲက ဟင်းရွက်​​တွေက တအားလတ်​ဆတ်​တာဘဲ။"

" အင်း ​ကောင်းပြီ။" Zhang lao ​ခေါင့်​ငြိမ့်​လိုက်​သည်​။" ဟင်းပွဲ​တွေ အများကြီးပြင်​မ​နေနဲ့။ ငါ​တော့နှစ်​​ယောက်​ထဲစားရမှာ ပြီး​တော့ငါအများကြီးမစားနိုင်​ဘူး။ အမဲအာလူးနှပ်​ကျက်​ရင်​ ရပြီ။"

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now