"...သွားစမ်းပါကွာ...မင်းရဲ့ အလိမ်​အညာ ​တွေကို အ ​နေတဲ့ ​ကောင်​ပဲ လက်​ခံလိမ့်​မယ်​...ငါ လက်​မခံဘူး...ပြီး​တော့ မင်း ငါ့ကို ပြန်​​ပြောစရာ မလိုဘူး...မင်း ​ရောက်​တဲ့ ​နေ့ကတည်းက ငါ့ကို တစ်​ခွန်း ပြန်​​ပြောဖူးလား...ဘယ်​ကအား​တွေ ရလို့ မင်းက ပြန်​ခံ​ပြော​နေတာလဲ..."

"...ဒါ ကြယ်​စင် ပြန်​​ပြော​နေတာ မဟုတ်​ဘူး...ရှင်းပြ​နေတာ...ရှင်းပြတာ.."

"..​တော်​စမ်းပါကွာ..."

ကြယ်​စင် ​ခြေမခိုင်​​တော့...
ငိုလည်း ငိုချပစ်​လိုက်​ချင်​ သည်​နှင့်​...သူ့အခန်းထဲ က ထွက်​ဖို့ လုပ်​​တော့ ~~~

"...ဒါက ဘယ်​သွားမှာလဲ.."

"...ကြယ်​စင့် အခန်းကိုပါ..."

"...ဘာကိစ္စ နဲ့လဲ...ဘယ်​သူ့ခွင့်​ပြု ချက်​နဲ့လဲ...ငါ စကား​ပြောတာ မပြီး​သေးဘူး..."

"...အွန်း...​ပြောပါ..."

ကြယ်​စင် သူ့ကို ​ကျော​ပေးထားတဲ့ အ​နေအထား မှ ပြန်​ပြီး စကား​ပြောလိုက်​​တော့~~~

"...အာ့..."

အလင်း​ရောင်​ ကြယ်​စင့် ပခုံး နှစ်​ဖက်​ကို လက်​ဖြင့်​ ဆွဲညစ်​ကာ သူ့ဘက်​ လှည့်​လိုက်​သည်​...။
ကြယ်​စင့် ပခုံး ​တွေ ​တောင်​ နာကျ ဉ်​ ​သွားရသည်​...။

"...​ရောင်​...ဘာလုပ်​တာလဲ..."

"...မင်း ငါ့ကို ဘာလို့ ​ကျော​ပေးထားရတာလဲ...မင်း ငါ့ကို ​ကျော​ပေးထားပိုင်​ခွင့်​ မရှိဘူး...ငါ့ကို ​ကျောမ​ပေးထားနဲ့...မင်းက ဘာမို့လို့ ငါ့ကို ​ကျော​ပေးထားရတာလဲ... ဟမ်​...​ပြော​လေ..."

အလင်း​ရောင်​ ပို,ပိုပြီး အားထည့်​ကာ ကြယ်​စင့်​ ပခုံး​တွေကို ဖိညစ်​​နေ​တော့ ကြယ်​စင် မလှုပ်​နိုင်​ဘဲ ဖြစ်​ကာ အရမ်းကို နာကျ ဉ်​ ​နေပါပြီ...။

"...​ရောင်​."

"..ဟမ်​...​ပြော​လေ..ဘာလို့ ငါ့ကို ​ကျော​ပေးထားတာလဲ...မင်းက ဘာမို့လို့လဲ..."

"...​ရောင်​...ကြယ်​..."

"...​ဖြေ​လေ...အခုမှ ထစ်​​နေရလား...​စောနက​တော့ ငါ့ကို ပြန်​ကိုက်​​တော့မယ့်​ ရုပ်​နဲ့..."

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now