{၃၅}(End-1)

2.9K 120 4
                                    


Zawgi..

ကျွန်​​တော်​က လူတစ်​​ယောက်​ကို ချစ်​ပါ
တယ်​လို့ တစ်​ဖွဖွ​ပြောရတာ မကြိုက်​ဘူး။
သူ့အတွက်​လိုအပ်​တာ​တွေကို တစ်​ခုခြင်း
ဖြည့်​စည်း​ပေး​နေချင်​တာ ကျွန်​​တော့်​ချစ်​ခြင်း
တွေပါ။

ရင်​ခုန်​စွာနဲ့ ဖွင်​လိုက်​တဲ့ ကံစမ်းမဲက
ကျေးဇူးတင်​ပါသည်​ ထက်​ပိုမ​နေခဲ့ဘူး။
ဒါလည်း ကျွန်​​တော်​တို့သိတယ်​ တစ်​ကြိမ်
လောက်​များဆိုတဲ့ ​မျှော်​လင့်​ချက်​က
ငါ​တော့​ပေါက်​မယ်​မထင်​ဘူးဆိုပြီး ပြော
နေ​ပေမဲ့ မသိစိတ်​က​မျှော်​လင့်​ချက်​အပြည့်​နဲ့
ဖွင့်​​ဖောက်​ကြည့်​​နေတာမျိုး။

ဒုစရိုက်​မှု​တွေထဲ ​ပျော်​၀င်​မှန်းမသိ၊​ပျော်
ဝင်ေ​နတဲ့ ကျွန်​​တော်​က ဘယ်​သူကယ်
ကယ်​မရ​လောက်​​တော့ဘူး ဆိုတာ ကိုယ်
ကိုတိုင်​သိလိုက်​ရချိန်​မှာ အ​တော်​​နောက်
ကျလို့သွားခဲ့ပြီ။

ကိုကို့​မေ​မေကို ​သေ​စေခဲ့တဲ့ ​ဆေးရုံအုပ်​ကို
တစ်​စုံတစ်​ရာပြင်းပြင်းထန်​ထန်​ထိခိုက်​​စေ
ရန်​သာ ဖြစ်​​ပေမဲ့ သူ့ရဲ့လက်​လွန်​မှု​ကြောင့်
အသက်​ဆုံးသည်​အထိ ဖြစ်​ခဲ့ရသည်​။

ဖေ​ဖေခိုင်းတဲ့ မှူးယစ်​​ဆေးဝါး​မှောင်​ခို
မှု​တွေမှာ သူ့ရဲ့အမည်​ဟာ lightအဖြစ်
နဲ့ ကြီးမားစွာ ​နေရာယူခဲ့သည်​ နှစ်​အနည်း
ငယ်​ ကြာခဲ့ပြီဖြစ်​သည်​။

မေ​မေဟာ ​ဖေ​ဖေနဲ့ယူခဲ့ပြီးမှ ​ဖေ​ဖေ့ရဲ့
မ​ကောင်းမှု​တွေအ​ကြောင်း တစ်​စွန်းတစ်​စ
သိရှိခဲ့ရပြီး​နောက်​ အလင်းသန့်​တို့ညီအကို
ကို မပတ်​သတ်​မိ​စေရန်​ နည်း​ပေါင်းစုံသုံး
ခဲ့သည်​။

ဖေ​ဖေ့ကို မုန်း​နေခဲ့တဲ့ ကိုယ်​ကိုယ်​က
ဘာဆိုဘာမှမသိခဲ့သလို၊​ဖေ​ဖေဟာ
သူရဲ့ ချစ်​လှစွာ​သော သားကြီးကို
အ​သေးအဖွဲ့​တောင်​မခိုင်းခဲ့ပါ။

ကိုကို့ကို အနားပြန်​​ခေါ်​ပေးရင်​ ​ဖေ​ဖေ
ဘာလုပ်​ခိုင်းခိုင်း ကျွန်​​တော်​လုပ်​​ပေးပါ့
မယ်​ ဆိုတဲ့ အ​ပေးအယူတစ်​ခုက၊ သူတိုး
ဝင်​ခဲ့တဲ့ ဒုစရိုက်​​လောက သည်​အ၀င်​သာ
ရှိ၍ ထွက်​​ပေါက်​​ဖျောက်​ခံထားရသည်​။

🍃ရွက်​​ကြွေ🍃🍃ရွက်ကြွေ🍃(completed)Where stories live. Discover now