"...ဟုတ်​ကဲ့...သား သိပါတယ်​...​မေ​မေတို့ သ​ဘောထားကို..."

"...​အေးပါကွယ်​...သား...သမီး​လေးကိုလည်း ဂရုစိုက်​ ​ပေးပါဦးကွယ်​...သူ့ခမျာ တနယ်​တ​ကျေး မှာ... သားနဲ့ လိုက်​​နေ ​နေရတာမလား...​နေရာစိမ်း...​ဒေသစိမ်းမှာ သူငယ်​ချင်း မရှိ မိတ်​​ဆွေ မရှိ...သား ​ကြောင့်​သာ ဒီကို လာ​နေရတာမလား...သား သမီးကို လည်း...​အချိန်​​လေး ​ပေးဦး...​နော်​..."

"...ဟုတ်​ကဲ့ပါ...​မေ​မေ...အာ့ဆို ဒါပဲ​နော်​ ဖုန်းချလိုက်​​တော့မယ်​..."

"...​အေး..​အေး...သား..."

ဟူး...​မေ က​တော့ လုံးဝ သိ​နေပုံမရ...ကြယ်​စင်
နဲ့ ပတ်​သက်​ပြီး...အိမ်​မှာလည်း ရှိမ​နေဘူး...
ဘယ်​ချိန်​ကတည်းက ထွက်​သွားတာလည်း မသိဘူး...ငါ ပြန်​လာတဲ့အထိ ​စောင့်​​နေမယ်​ မရှိဘူး...ဘယ်​အချိန်​က ထွက်​သွား သွား...ဒီချိန်​ဆို သူ ပြန်​လာသင့်​​နေပြီ​ကို..ဘယ်​ကို သွား​နေတာလဲ ...ဘယ်​​ရောက်​​နေတာလဲ...ဖုန်းဆက်​​တော့ လည်း မကိုင်​ဘူး...။

လူက စိတ်​​တွေ ဂနာမငြိမ်​ ဖြစ်​​နေပြီ​လေ...။
သူမ ဘယ်​သွားလို့ ဘယ်​သွား မှန်းလည်း မသိ...။
ဘယ်​ကို လိုက်​သွားလို့ လိုက်​သွားရမှန်း မသိ...။
ဖုန်းဆက်​​မေးချင်​​ပေမယ့်​လည်း ဖုန်းက မကိုင်​...
ခု ထွက်​ရှာရ​အောင်​လည်း...ကြယ်​စင်​ နဲ့ သူသာ လျှင်​ ​သော့​တွေ...​ဆောင်​ ထားကြသည်​...။
ကိုဖိုးခွား ကိုလည်း ​သော့ မ​ပေးထားရ​သေး...
ဖိုးခွား လည်း ပြန်​မလာ​သေး...။

မိန်းမ ဖြစ်​သူကလည်း ပြန်​မ​ရောက်​​သေး...
ဖုန်းဆက်​လည်း...မရ...။
စိုးရိမ်​မှတ်​က​တော့ ​ရေဆူမှတ်​ထပ်​ ​တောင်​ ​ကျော်​ လွန်​​နေပြီ...
ဖုန်း​ခေါ်​တော့လည်း ဝင်​​နေတာကို မကိုင်​​တော့...ပို စိုးရိမ်​ရသည်​...။
လမ်းမှားသွားတာလား...
ဖမ်းခံ​နေရတာလား...
ဒုက္ခများ ​ရောက်​​နေပြီလား...
အ​တွေးနဲ့တင်​ လူက ပူထူ​နေပြီ...။

၆နာရီ မထိုးခင်​​လေး​တော့ ကိုဖိုးခွား ​ရောက်​လာသည်​နှင့်​ အိမ်​ကို အပ်​ထားခဲ့ပြီး အိမ်​​ဘေးပတ်​ဝန်းကျင်​ ကို ကား​မောင်း လိုက်​ရှာ ​တော့လည်း မ​တွေ့ ...။
အနီးနားရှိ ပန်းခြံငယ်​​လေး​တွေ ရှာကြည့်​ပြန်​​တွေ့လည်း မ​တွေ့ ...။
သွားတဲ့လမ်း ကိုလည်း ​ဖြေး​ဖြေး ​မောင်းပြီး...
သိမ်းငှက်​ မျက်​လုံး ကဲ့သို့...သူမ ကို
သာ...ဇွတ်​ ရှာကြည့်​​နေမိသည်​...။
သူမ မနက်​က ​ဈေးသွားမည်​ ​ပြော​တော့...​ဈေး​တွေ ဘက်​ လိုက်​ကြည့်​မိသည်​...။
တောင်​​ပေါ်တင်​ ​ဈေး ၅ခု ရှိသည်​...
အောက်​​ဈေး...
အ​ပေါ်​ဈေး ​နောက်​တစ်​မျိုး ​ပြောရင်​ မြို့်​မ​ဈေး..
212 ​ဈေး..
အမှတ်​ ၅ ​ဈေး...
ည​ဈေး...

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now