ကြယ်​စင်​ မကြည့်​ရတဲ့ ဇာတ်​ကား ထဲက မသိတဲ့ ဇာတ်​​ကောင်​ ​တွေကို ကိုယ့်​ဘာသာ ဇာတ်​ဖွဲ့ လိုက်​ပြီး ​ဖော​လျှော ​သော​လျှော ​လျှောက်​​ပြောလိုက်​မိသည်​....

"...​အော်​...သမီးကလည်း​လေ...လိုင်းကား​တော့ ရှိတာ​ပေါ့.."

"...ဟီးဟီး...သမီး က မရှိဘူး မှတ်​​နေတာ ​မေ​မေရဲ့..."

"ရှိမှရှိ...သမီးရဲ့..."

"...ဟီး...သမီး မ​တွေ့ လို့​လေ..."

"...ဘယ်​​တွေ့မလဲ သမီးရဲ့...အဲ့ဘက်​​တွေ က ကိုယ်​ပိုင်​ ကား​တွေ ကိုယ်​စီပဲ​လေ...လိုင်းကား ငှါးမစီးကြဘူး...အဲ့​တော့ ကား​တွေလည်း အဲ့ဘက်​ထိ ​ပြေးမဆွဲကြတာ..."

"..​အော်​...အာ့​ကြောင့်​ သမီး မ​တွေ့ ဖြစ်​တာကိုး.."

"...ဟုတ်​ပါ့...သမီးရယ်​...သမီး ပတ်​လည်​ချင်​ရင်​ သားကို လိုက်​ပို့ခိုင်း​လေ..."

"...​ရောင်​က အလုပ်​တစ်​ဖက်​ဆို​တော့ သမီးကို အချိန်​​ပေး​နေရင်​ သူ့အလုပ်​က ပစ်​ထားခဲ့ရမှာ​လေ...အာ့ဆို သူ့ကို အလုပ်​မလုပ်​ဘူး ဘာညာ နဲ့ လက်​​အောက်​ငယ်​သား​တွေ ရို​သေတန်​ ​နေမှာစိုးလို့ပါ..."

"...ဟုတ်​ပါပြီကွယ်​....လိမ်​မာပြီး သိတတ်​တဲ့ သမီး​လေးကွယ်​..."

"...​မေ​မေ..အာ့ဆို ဒါပဲ​နော်​..."

"​ေ.."

'​ရော်​...ဒီက​လေးနဲ့ ဘာမှ​တောင်​ မ​ပြောလိုက်​ရဘူး...​ဖေကြီးနဲ့ တိုင်​ပင်​ကြည့်​မှ သမီး​လေးအတွက်​ ကား စီစဉ်​​ပေးဖို့...'

ကြယ်​စင်​ ဖုန်းမြန်​မြန်​ဆန်​ဆန်​ ချလိုက်​ရသည်​...
စကားဆက်​​ပြော​နေရင်​ အမှား ပါမှာ စိုးသည်​နှင့်​ အမှန်​ပင်​ ဖုန်းချပစ်​လိုက်​ရသည်​...။

ဈေးသွားဖို့ ကိစ္စ  က​တော့    ကြယ်​စင်​ ပဲ    မီးစဉ်​ကြည့်​က ရမည်​​လေ...ဘယ်​တတ်​နိုင်​ဦးမှာလဲ...
ကြယ်​စင်​ အကျီ င်္​တွေ လှဲ ယူစရာ ရှိတာယူကာ..
အိမ်​တံခါး ခြံတံခါး ​သော့ခတ်​လိုက်​ကာ လမ်းကို အရင်​ အကဲခတ်​ ကြည့်​လိုက်​သည်​...။

သက်​ပြင်းပူ​လေး တစ်​ချက်​ ချရင်း ကြယ်​စင်​ လမ်းမကြီးကို မြင်​ရသည့်​ ​နေရာ ​လေးသို့.   ဦးတည်​ ​လျှောက်​သွားသည်​...

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now