Prologue + အပိုင်း ၁

Start from the beginning
                                    

"ဘယ်​သူလဲ Jungkook"

"ကိုယ်​မသိဘူး"

"တင်း​တောင်​ တင်း​တောင်​ တင်း​တောင်​"

Jungkook ဒီတစ်​ခါမှာလည်း စိတ်​ထဲကကြိတ်​ပြီး ကျိန်​ဆဲမိလိုက်​ပြန်​သည်​။ဘယ်​လောက်​အထိ အ​ရေးကြီး​နေလို့ အဆက်​မပြတ်​ဘဲလ်​ကို နှိပ်​နေရတာလဲ။

"မင်း​နေခဲ့လိုက်​ ကိုယ်​သွားကြည့်​မယ်​"

ဒီတိုင်းသွားလို့​တော့မရ။ ဗလာကျင်းအ​နေအထားနဲ့ကိုယ့်​အရာကိုသာ မြင်​ကြည့်​ပါလား​ နေရာမှာတင်​ မူး​မေ့လဲကျသွားနိုင်​သည်​။ကြမ်းပြင်​ပေါ်က​ ဘောင်းဘီတစ်​ထည်​ကို ဖြစ်​သလို​ကောက်​ယူကာ လျှိုဝတ်​လိုက်​ရင်း မကြည်​သောစိတ်​နဲ့အတူ တံခါးဝဆီကို​ လျှောက်​ခဲ့လိုက်​သည်​။

ဆံပင်​တွေက ထိုးဆွထားတာ​ကြောင့်​ ပွ​နေတာကို​တော့ အ​ရေးတယူလုပ်​ကာ ပြန်​မပြင်​လိုက်​တော့။ဘဲလ်​တီးတဲ့လူကိုသာ စိစိညက်​ညက်​ကြေ​အောင်​ လုပ်​ပစ်​ချင်​တော့သည်​။

"ချ​လောက်​"

တံခါးဖွင့်​လိုက်​တော့ မက်​မွန်​ရောင်​ဆံနွယ်​တွေကို အရင်​ဦးဆုံး​တွေ့လိုက်​ရသည်​။ ထို့​နောက် တစ်ခါက ရဖူးတဲ့ ရနံ့တစ်မျိုးကို ရှူရှိုက်လိုက်မိသလို။​ ဒီရနံ့ကို​ရ​တော့ခေါင်းထဲတချက်​တော့ ရီ​ဝေ​ဝေဖြစ်​သွားရသည်​။

"ဟိုင်း Jungkook ငါ့ကိုမှတ်​မိပါတယ်​နော်​"

"ငါက မင်းကို?"

သူ့ထက်​ အနည်းငယ်​အရပ်​ပုတဲ့​ ကောင်​သေး​သေး​လေးကိုကြည့်​ကာ Jungkook​လှောင်​ပြောင်​ကာ ရယ်​မောရင်း​ မေးလိုက်​သည်​။​ ခါတိုင်းဆို​ ချောလဲ​ရောထိုင်​လုပ်​ကာ အိပ်​ရာ​ပေါ်ထိ ခရီးဆက်​ဖို့လုပ်​မိမှာအမှန်​ပေမဲ့​ လော​လောဆယ်​တော့ သူ့အတွက်​မလိုအပ်​သေး။

"​ဆောရီး မင်းလူမှား​နေတယ်​"

တံခါးကိုပြန်​ပိတ်​ရန်​ လက်​လှမ်းလိုက်​စဉ်​မှာပဲ လက်​အောက်​ကလျှိုဝင်​ကာ ဝင်​လာတဲ့ အ​ကောင်​ပေါက်​လေး​ကြောင့်​ နဂိုမကြည်​တဲ့စိတ်​က ပို​ဒေါသဖြစ်​လာရသည်​။

❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇𝐄𝐀𝐏 𝐂𝐇𝐀𝐌𝐏𝐀𝐆𝐍𝐄❞Where stories live. Discover now