ကြယ်​စင်​.. ၏ မျက်​လုံး ​ရှေ့တွင်​...အရာအားလုံး အ​မှောင်​ ကျ သွားသလိုပင်​....

ဘယ်​လို ဆက်​လုပ်​ရမလဲ...

အရာအားလုံး ​ကျော်​လွန်​ခဲ့ပြီ မဟုတ်​လား...

ဘာကို ဘယ်​လို ပြင်​ဆင်​ရမည်​လဲ....

ကြယ်​စင်​...အလင်း​ရောင်​ ကို ချစ်​သည်​...
အရမ်းအကြာကြီး ချစ်​ခဲ့တာပါ...
မေ့လည်း မ​မေ့ရက်​နိုင်​ခဲ့ပါ...
ဝေးသွားခဲ့တဲ့ နှစ်​​တွေမှာ တစ်​ရက်​မှ မ​မေ့ခဲ့ပါ...
ကြယ်​စင်​ ကို ချစ်​​ရေးဆိုတဲ့သူ​တွေကို
သူ့ကို ချစ်​မိခဲ့တဲ့ စိတ်​​လေး တစ်​ခု​ကြောင့်​...
အားလုံး ကို ငြင်းဆို ပစ်​ခဲ့သည်​....
အဲ့​လောက်​ သူ့ကို ချစ်​မိခဲ့ပါသည်​....

ဒါ​ပေမယ့်​~~~

သူက​တော့  ကြယ်​စင်​ မဟုတ်​တဲ့ ​ကောင်​မ​လေး တစ်​​ယောက်​ ကို ချစ်​​နေသည်​တဲ့​လေ....

ကြယ်​စင်​ ဘာလုပ်​ရမည်​လဲ...ကြယ်​စင်​ မစဉ်းစားတတ်​​တော့....ငိုချင်​​နေတာပဲ သိ​တော့သည်​...

ထို စာအုပ်​ကို ဆက်​ပြီး ဖတ်​ဖို့လည်း အင်​အား မရှိ​တော့ပါ...စာအုပ်​ကို ပိတ်​ကာ မှန်​တင်​ခုံ ​ပေါ် ​ခေါင်း​မှောက်​ကာ ငိုရှိုက်​​နေမိသည်​....

သူမ ရဲ့ အိမ်​​ထောင်​​ရေး ကို သူမ ပထမဆုံး အကြိမ်​ စိုးရိမ်​ တုန်​လှုပ်​​နေမိသည်​....

ဒီ အိမ်​​ထောင်​​ရေး...အဆင်​​ပြေပါ့မလား~~~

ကြယ်​စင်​ ​ငိုလည်းငို...​ခေါင်း​တွေ ယမ်းရင်း ခုတင်​​ပေါ် အိပ်​ချလိုက်​​တော့ ~~~

ရွဲ့​စောင်း​နေ​သော ​ခေါင်းအုံး ​အောက်​မှာ...ဓာတ်​ပုံ ​လေး​တွေ....

ကြယ်​စင်​ ရဲ့ မသိစိတ်​က လှမ်းယူလိုက်​မိပြီး..
ထို ပုံ​လေး​တွေကို ကြည့်​​တော့...

အသားဖြူ ဖြူ နှင့်​ အရပ်​မြင့်​မြင့်​ ​ကောင်​မ​လေး တစ်​​ယောက်​...
အရမ်း​ချောတဲ့ ​ကောင်​မ​လေး တစ်​​ယောက်​...
ဆံပင်​​တွေ က ဂုတ်​ ထိ​နေတဲ့ ဆံပင်​ နီညို​ရောင်​​လေး ...
မိတ်​ကပ်​ ​တွေ လိမ်းထား​ပေမယ့်​...
သူမ က ဘာမှ မပြင်​မဆင်​လည်း လှပတဲ့ မျက်​နှာ​လေး...
အရမ်းဆွဲ​ဆောင်​မှု အပြည့်​ရှိတဲ့ သူမ

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now