"...အွန်း..."

"...​ပြောပါ..ကြယ်​စင်​ နား​ထောင်​ ​နေပါတယ်​.."

"...အင်း...မင်းနဲ့ငါ တစ်​ခန်းထဲ အတူ မ​နေနိုင်​ဘူး..."

"...ရှင်​..."

ကြယ်​စင်​ ဒီတစ်​ခါ​တော့  ပိုပြီး အံ့သြ ရသည်​...။

ပြောလိုက်​တာက

'မင်းနဲ့ငါ တစ်​ခန်းထဲ အတူမ​နေနိုင်​ဘူးတဲ့​လေ'

ကြယ်​စင်​ မအံ့သြဘဲ ​နေမလား...

"ဘာဖြစ်​လို့လဲ..."

"...​ရောင်...​ဘာ​ပြောလိုက်​တာလဲ လို့ပါ...."

"မင်းမကြားဘူးလား..."

"...ကြားလိုက်​ပါတယ်​...ဒါ​ပေမယ့်​ ​သေချာ​အောင်​ ပြန်​​မေးတာပါ..."

စကားကို လုံး​ထွေးပက်​​ထွေး မ​ပြောမိပါဘူး..
ဒါကို ​သေချာ ​အောင်​ ပြန်​​မေးတာတဲ့..

"ငါ့စကား နားမလည်​လို့လား..."

"...နားလည်​ပါတယ်​..."

"...အာ့များ ဘာလို့ ပြန်​​မေး​နေတာလဲ...​ငါ ​ပြောတာ ​သေချာတယ်​..."

"...အင်း..."

"...​အော်​...ဒီကိစ္စ ကို...ေ​မ​မေတို့..."

"...ကြယ်​စင်​ ပြန်​မ​ပြောပါဘူး...စိတ်​ချပါ..."

"...​အေး...ပြီး​ရော.."

"...အင်း.."

ကြယ်​စင်​ စကားရှည်​ မ​ပြောမိ...အသံဝဲတက်​လာတာကို သူကြားသွားရင်​ သူ ဘာ​ပြောမလဲ...
ကြယ်​စင်​ သူ့​ရှေ့က အမြန်​ ထ လာကာ ​လှေကား ဆီသို့ ခပ်​သွက်​သွက်​ ​လျှောက်​လိုက်​သည်​..

ခဏ တာ အ​ဝေးကို ​ပြေးထွက်​ချင်​တဲ့ စိတ်​...ကြယ်​စင့်​ ရင်​ထဲ လှိုက်​တက်​လာသည်​...။

အခန်းထဲ​ရောက်​မှ...

ကြယ်​စင့်​ မျက်​ရည်​ ပျိုးပျိုးပြက်​ကြက်​ အတားအဆီး မဲ့စွာ ပါးပြင်​သို့ စီးကျလာသည်​..။

ကြယ်​စင်​...ကြယ်​စင်​ က ဘာဖြစ်​​နေလို့လဲ...
ဘာလို့များ အဲ့​လောက်​ထိ ကြယ်​စင့်​ အ​ပေါ်ကို ​အေးစက်​စက်​နိုင်​ရတာလဲ...ကြယ်​စင်​ ဘာ​တွေများ လုပ်​ခဲ့မိလို့လဲ...ကြယ်​စင်​ ​ရောင့်​ကို ချစ်​ခဲ့မိတာ​လေး တစ်​ခုပဲ ​ရောင့်​အ​ပေါ် ကြယ်​စင်​ လုပ်​မိခဲ့တာ တစ်​ခု​လးပဲ ရှိတာပါ...ကြယ်​စင်​ ကြယ်​စင်​ က ​ရောင့်​အတွက်​ အ​နှောင့်​အယှက်​ ဖြစ်​​နေပြီလား...

ပိုင်​ဆိုင်​ခွင့်​​လေး...Where stories live. Discover now