Part-52(💘💘)

Start from the beginning
                                    

'အွမ်း ဟုတယ် ငါတချိန်လုံးလိုက်ကြည့်နေတာ'

'aww...ဟုတ်လား..... အဲ့ဒါဆိုရင် သူ့မှာချစ်သူရှိလားမရှိလားရောသိလား'

'မသိဘူး...သိလည်းမသိချင်ဘူး... ငါkristကိုချစ်တာဘဲ သိတယ်'

'အဲ့ဒါဆို နင်ကအချစ်ကြောင့် မျက်စိကန်းနေတဲ့သူတယောက်ပေါ့'

'နင်ပြောချင်သလိုပြောလို့ရပါတယ်'

ထင်ထားတာထက်ကိုပိုပြီး ရုပ်ကလေးနဲ့မှမလိုက်မျက်နှာပြောင်လွန်းလှတဲ့ ကောင်မလေးကို ကြည့်ရင်း Singtoရဲ့ နှုတ်ခမ်းထောင့်စွန်း တစ်ဖက်က အေးစက်စက်အပြုံးတစ်ခုဖြင့် ကော့တက်သွားခဲ့သည်

'နင်ကဘာကိုမှ ဂရုမစိုက်တဲ့သူဆိုတော့ ငါကလည်း ဘာမှ ညှာတာထောက်ထားပြီးပြောစရာမလိုတော့ဘူးထင်တယ်'

'နင်ဘာကိုဆိုလိုချင်တာလဲ'

'ခဏလေးနေပါဦး စိတ်ရှည်မှပေါ့....ငါပြောချင်တာက
နင်အရမ်းကိုချစ်နေရတဲ့သူဆီမှာ သူအသက်လောက်ကိုချစ်နေရတဲ့သူရှိနေတယ်....'

'ဟုတ်လား ဘသူလဲ....ငါ့လောက်တောင်လှလို့လား'

'အဟားဟား လှလားမလှလားမေးစရာကိုမလိုဘူးထင်တယ်
နင်နဲ့ယှဉ်စရာကိုမလိုအောင်kitအတွက်သူကပြည့်စုံနေပြီးသား....
ဟုတ်တယ်မဟုလား kit'

'ဟုတ် ကိုကို'

Kristလည်း Singtoရဲ့အမေးကိုအပြုံးဖြင့် ခေါင်းလေးညိမ့်ကာပြန်ဖြေလိုက်တော့

'နင်တို့က ဘာတွေလဲ..... gayတွေလား ပြီးတော့ kristရဲ့ချစ်သူဆိုတာ နင်လား'

'Kristရဲ့ချစ်သူဆိုတာတော့ဟုတ်တယ်...
တခုကတော့မဟုဘူး'

'ဘာကိုမဟုတ်တာလဲ??'

'နင်ပြောတဲ့ gayဆိုတာ မဟုတ်ဘူးလို့ပြောတာ'

'ယောကျာ်းလေးချင်းကြိုက်တာ gayမဟုတ်လို့ဘာလဲ..'

'နင်ထင်ချင်သလိုထင်လို့ရပါတယ် ...
ဒါပေမယ့် ငါတို့က ယောကျာ်းလေးတိုင်းကိုစိတ်ဝင်စားနေတဲ့ကောင်မဟုတ်ဘူး...ငါချစ်မိတဲ့သူက ယောကျာ်းလေးဖြစ်နေတာလေးတစ်ခုဘဲရှိတာ'

'အဟက် ဘာတွေများကွာနေလို့လဲ....'

'ကွာတာပေါ့...ဒါပေမယ့်လည်း ကာယကံရှင်ဖြစ်တဲ့ ငါတို့နှစ်ယောက်ထက်တော့ နင်ကဘယ်နားလည်နိုင်ပါ့မလဲ... ဒါမဆန်းပါဘူးလေ'

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniOn viuen les histories. Descobreix ara