Part-51(Uni)

162 9 0
                                    

Singtoရဲ့ ဒဏ်ရာတွေအားလုံးလည်း ပျောက်ကင်းသွားတဲ့အတွက် ဆေးရုံကနေဆင်းခွင့်ရခဲ့သည်...

အိမ်အပြန်လမ်းမှာ Kristကကားမောင်းနေရင်း ဘေးနားမှာ အလိုမကျတဲ့မျက်နှာနဲ့နေနေတဲ့ Singtoကိုသတိထားမိတော့

'ကိုကို ဘာဖြစ်လို့လဲ မသက်သာလို့လား...'

'မဟုပါဘူး... '

ပြန်ဖြေလာတဲ့Singtoအသံကိုကြားမိတော့ Kristစိုးထိပ်မိပြန်သည်...ဒဏ်ရာတွေကများ မသက်သာလို့လားဆိုပြီးတော့ပေါ့....

'အဲ့တာဆို ဘာဖြစ်လို့လဲ တခုခုအဆင်မပြေလို့လား??'

'မဟုပါဘူး အဆင်ပြေပါတယ်..'

ဒီလူကြီးကတော့ မဟုတ်တော့ဘူး တခုခုကိုဘဝင်မကျဖြစ်နေပြီထင်တယ်...Kristလည်းကားကိုလမ်းဘေးချရပ်ကာ စက်ရပ်ထားလိုက်ပြီး Singtoဘက်ကိုလှည့်ကာမေးလိုက်တော့သည်..

'ကိုကိုမျက်နှာက ဘာလို့အခုလိုမျိုးကြီးဖြစ်နေတာလဲ...

ကိုကိုအမှန်အတိုင်းပြောနော် မဟုရင်kitစိတ်ဆိုးတော့မှာ'

Kristအသံမာမာနဲ့ပြောလိုက်တော့မှ ဘေးကားပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်နေတဲ့ Singtoက Kristဘက်လှည့်ကာ....

'ကိုယ် ကားမောင်းမယ်လို့ပြောထားတာကို ~~~'

ပုံမှန်ထက်တိုးနေတဲ့Singtoအသံကြောင့် Kristသေချာမကြားရ...နောက်တစ်ခါထပ်မေးလိုက်မှ...

'ဟို...ကိုယ်ပြောတယ်လေ ပြန်ရင်ကိုယ်ကားမောင်းမယ်လို့ပြောထားတာလေ'

'ဟင်!!!!'

Kristတစ်ယောက် Singto၏စကားကြောင့် ရယ်ရမလို စိတ်ဆိုးရမလို...ကြောင်သွားမိသည်

.

ဆေးရုံကမဆင်းခင် Singtoက...အပြန်သူကားမောင်းမယ်လို့ပြောတော့ Kristလည်းစိတ်ချမ်းသာအောင် 'အင်း'လို့ပြန်ဖြေမိခဲ့တာ....

တကယ်တမ်းပြန်တဲ့အချိန်ကျ Kristဘဲကားမောင်းခဲ့တယ် ဘာလို့လဲဆိုတော့ Singtoကိုကားပေးမောင်းလို့မှမဖြစ်တာ အခုမှဆေးရုံကဆင်းလာတဲ့သူကိုဘလိုလုပ်ကားပေးမောင်းမလဲ...ပြီးတော့ သူ့ချစ်သူတခုခုဖြစ်သွားမှာကိုလည်း Kristမလိုလားဘူးလေ....

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now