Part-16

826 55 0
                                    

💗💗💗••••••အဆုံးမဲ့ချစ်ခြင်း•••••••💗💗💗

Part-16

Mike Pov:
ကျွန်တော် ဒီညနေ kristကိုသွားကြိုမလို့လုပ်နေတုန်း krist phဆက်လာတယ် သူ့ကိုလာမကြိုနဲ့တဲ့ ကိုယ့်ဘာသာကိုယ်ပြန်လာမယ်ဆိုဘဲ အဲ့တာနဲ့ကျွန်တော် လည်းဘာမှမပြောတော့ဘဲ ကုမ္ပဏီကနေ အိမ်ကို ချက်ချင်း တန်းပြန်လာခဲ့တယ်....... အိမ်ရောက်တော့ ရေမိုးချိုးပီး kristပြန်အလာကိုစောင့်နေလိုက်တယ်....
အခုချိန်ထိKristကပြန်မရောက်သေးတော့ ကျွန်တော် စိတ်ပူစပြုနေပီ အမှန်အတိုင်းပြောရမယ်ဆိုရင် နေ့လည်က ကိစ္စကြောင့်ပိုပီး စိတ်ပူနေမိတယ်.........
ဆိုဖာပေါ်တောင် ထိုင်မနေနိုင်တော့တာနဲ့ အိမ်ရှေ့မှာ လမ်းလျှောက်နေရင်းစောင့်နေလိုက်တယ်..Kristဆီကို Phဆက်ကြည့်ရင် ကောင်းမလားစဉ်းစားနေတုန်း....

"ဦးလေး......."

"Hum!!!!!Krist..... အခုမှပြန်လာတယ်ပေါ့ ကိုယ်တော်ချောက..😏😏😏"

"ဟီးဟီး နဲနဲနောက်ကျသွားတယ် ကျောင်းမှာကိစ္စလေး နဲနဲ ရှိလို့😁"

"ဒါနဲ့ဦးလေးက ဘာလို့အိမ်ရှေ့မှာရပ်နေတာတုန်း"

"ပြောကြည့်ပေါ့...ဘာလို့ဒီမှာရပ်နေတာလို့ထင်လဲ"

"အင်း.....ကျွန်တော့်အထင်ပြောရရင်တော့ ဦးလေး အိမ်ရှေ့ထွက်ပီး ကောင်မလေးတွေလိုက်ချောင်းနေတာ မဟုလား😆😆"

"ဘာ!!!ဒီကောင်လေးကတော့ အမြဲတမ်း ဒါဘဲပြောနေတယ် ငါကအိမ်ရှေ့ထွက်ပီး ကောင်မလေး လိုက်ချောင်းရအောင် နှာဘူးမိုလို့လားကွ....😣😣"

"မသိဘူးလေ အဲ့ဒါတော့ ဦးလေးဘဲသိမှာပေါ့....😄"

"Krist!!!!!!!😡😡"

"စတာ စတာ ဦးလေးကိုချစ်လို့စတာ...စိတ်ဆိုးရဘူး😅"

"ကိုယ်ဦးလေးကိုများ စရအောင် ကလေးထင်နေလား
သွား သွား မြန်မြန်သွားပီးရေချိုးတော့ "

"Yes Sir...😉😉😉"

ကျွန်တော် ကျောင်းကမြန်မြန်ပြန်လာပီး အိမ်ရှေ့နား ရောက်တော့ ဦးလေးကို တွေ့တယ် အိမ်ရှေ့မှာမတ်တပ် ရပ်ပီးတော့လေ ကျွန်တော့်အထင်ပြောရရင် ဦးလေး ကျွန်တော့်ကိုစိတ်မချလို့ အိမ်ရှေ့မှာထွက်စောင့်နေတာ ဖြစ်မယ် 😊😊 ကျွန်တော်လည်းသိသိကြီးနဲ့ ဦးလေးကို စနောက်နေတာလေ ကျွန်တော်က ဦးလေးကို အဲ့လိုမျိုး စနေရရင်ကိုပျော်တာ....😄😄 ဦးလေးကိုအခုလို စနောက်တယ်ဆိုပေမယ့် ဦးလေးအပေါ်ထားတဲ့ လေးစားတဲ့ စိတ်ကတော့မလျော့ပါဘူး.... ဦးလေးက ကျွန်တော့်ကို စောင့်ရှောက်ပေးတဲ့အတွက် ကျွန်တော့် အတွက်တော့ ကျေးဇူးရှင်တယောက်လိုလည်း ဖြစ်နေတယ်လေ....

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now