Part-53(End💝)

1.8K 60 0
                                    

Singtoရဲ့အားလုံးကိုအသိပေးလိုက်တဲ့စကားတွေကြောင့် တစ်ကျောင်းလုံးက Singနဲ့Kristကိုချစ်သူတွေအဖြစ်သိသွားကြကာအံ့သြ သူများဖြင့် ပွတ်လောရိုက်ကုန်ကြသည်...သို့သော် Singtoတို့ချစ်သူနှစ်ယောက်ကတော့ ဘယ်သူ့ကိုမှဂရုမစိုက်နိုင်...တယောက်နှင့်တယောက်ချစ်၍မဝနိုင်အောင်ဖြစ်နေကြသည်.....
🍂
🍁
🍂
.
အချိန်ရာသီစက်ဝိုင်းကြီးဟာလည်း တဖြည်းဖြည်းဖြင့် လည်ပတ်လာလျက် နွေမှမိုးသို့တဖန် မိုးမှဆောင်းသို့တလှည့် ဆောင်းမှနွေသို့တစ်ခါ ကူးပြောင်းလာခဲ့ရာ Singto,Kristတို့အပါအဝင် Newနဲ့သူငယ်ချင်းတွေအားလုံး ကျောင်းပြီး၍ဘွဲ့ရကာ အလုပ်ဌာနအသီးသီးမှာကိုယ်စီကိုယ်စီ လုပ်ကိုင်လျှက်ရှိနေသည်...
ဒီနေ့ သူတို့သူငယ်ချင်းတွေအားလုံး barတစ်ခု၌ချိန်းထားကြသည်...ချိန်းသည့်အကြောင်းအရင်းကတော့ Pinkရဲ့ 'သူ Americaကပြန်ရောက်တုန်း သူငယ်ချင်းတွေပြန်ဆုံကြရအောင်'ဟုပြောသောကြောင့်ပင်....
အမှန်တော့ သူတို့တွေအချင်းချင်းလည်း တွေ့ချင်နေကြသည့်သူများသာ...အလုပ်မအားတာနဲ့ ကိုယ့်ကိစ္စလေးတွေရှိနေကြရတာနဲ့ပင် သူငယ်ချင်းတွေအချင်းချင်းတော်ရုံတန်ရုံမတွေ့ဖြစ်ကြပေ....ယနေ့တော့ သူတို့ရဲ့သူငယ်ချင်းမလေးPinkရဲ့ကောင်းမှုကြောင့် သူတို့သူငယ်ချင်းတွေပြန်ဆုံတွေ့ရပေတော့မည်......



'ဟယ် Sing...Krist လာကြ ငါနင်တို့ကိုစောင့်နေတာ..'

Barထဲဝင်လိုက်သည်နဲ့ အချိန်တွေသာပြောင်းလဲသွားသော်လည်း Pinkရဲ့အသံဆာဆာကတော့ မပြောင်းလဲသေးပေ

'နင်ကအစောကြီးကြိုရောက်နေပါလားဟ...
Kit..kitကအတွင်းထဲဝင်ထိုင်လိုက်နော် ထောင့်မှာမထိုင်နဲ့'

' အေး..ဟိုတယ်မှာလည်းပျင်းနေတာနဲ့ စောစောထွက်လာလိုက်တာ ဒါနဲ့နေပါဦးSingtoရယ် နင်ကလည်းနင့်ချစ်သူကိုတော်တော်အဖြစ်သည်းလိုက်တာ... ထောင့်မှာထိုင်တော့ ငါကကိုက်စားမှာမိုလို့လား'

'အာ..အဲ့လိုမဟုပါဘူး ထောင့်မှာထိုင်တော့ အေးနေမှာစိုးလို့ အတွင်းထဲမှာထိုင်တော့ နွေးနွေးထွေးထွေးနဲ့ကောင်းတယ်လေ..ပြီးတော့ kitကလည်း နဲနဲနှာစေးနေလို့လေ..ဟုတ်တယ်နော်kit'

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now