Part-50(💝💝)

808 32 0
                                    

Newနဲ့ Tayနှစ်ယောက်စလုံး ဆေးရုံကနေပြန်လာကြပြီးတဲ့နောက် ကားမောင်းနေတဲ့ Tayက သူ့ချစ်သူNewလေးကို ပြောလိုက်သည်

'New P'တို့ Newလေးအမေကိုဖွင့်ပြောလိုက်ကြမလား'

'ဘာ~~ဘာကိုလဲP'

'P'တို့အကြောင်းကိုလေ Newရဲ့'

'P'ကပြောချင်လို့လား'

'ဘလိုမေးလိုက်တာလဲ Newရဲ့ P'ကတော့ပြောချင်တာပေါ့'

'အွမ်း အဲ့ဆို ဘယ်နေ့ပြောမလဲ.... P'

'ဘယ်နေ့မဟုဘူး...အခုဘဲပြောမယ်..
ကဲ...ရောက်ပြီ'

Tayစကားကြောင့် Newလည်းဘေးကိုကြည့်လိုက်တော့ သူ့အိမ်ရှေ့ကိုရောက်နေပြီ...သူ့ဘေးက Tayကတော့ ယုံကြည်မှုအပြည့်နဲ့အတူ ကားပေါ်ကနေအရင်ဆင်းသွားပြီး သူ့ကားတံခါးကိုလာဖွင့်ပေးသည်

'Newလေး ဆင်းလို့ရပြီ'

'ဟုတ် P'

အိမ်ရှေ့ကထိုင်ခုံမှာထိုင်ပြီး Tvကြည့်နေတဲ့ Newအမေက သူတို့နှစ်ယောက် အိမ်ထဲကိုဝင်လာတာမြင်တဲ့အခါ

'သားတို့ပြန်လာပြီဘဲ...လာ လာ ထိုင်ပြီးနားနေကြဦး'

'ဟုတ်ကဲ့ မေမေ'

သူတို့နှစ်ယောက်လုံး ထိုင်လိုက်ပြီးတာနဲ့တပြိုင်နက် Tayကစကားစလိုက်တဲ့အခါ Newစိတ်အနည်းငယ်ပူပန်သွားမိသည်...သူ့အမေများလက်မခံရင်လို့တွေးပြီးတော့ပေါ့

'အမေ ကျွန်တော်ပြောစရာရှိလို့'

'ပြောလေ သားTayကဘာများပြောမလို့လဲ'

'ဟို.. ကျွန်တော်အခုပြောမှာကို အမေယုံကြည်ပေးစေချင်တယ်...'

'အင်း...သားပြောစရာရှိတာကိုသာပြောပါ သားရဲ့'

'ကျွန်တော် Newကိုချစ်တယ်အမေ
ပြီးတော့ Newကလည်း ကျွန်တော့်ကိုချစ်ပါတယ်
ကျွန်တော်တို့နှစ်ယောက်စလုံးကလည်း ချစ်သူတွေဖြစ်နေကြပါပြီ'

Newကတော့ Tayပြောနေတာတွေကို ဘေးကဘဲနားထောင်နေပြီး သူ့အမေမျက်နှာကိုဘဲ ကြည့်နေမိသည်....
Newအမေရဲ့ မျက်နှာအမူအရာကတော့ အံ့သြမှုမရှိ တုန်လှုပ်မှုမရှိပကတိငြိမ်သက်စွာပင်.....

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniHikayelerin yaşadığı yer. Şimdi keşfedin