5

75 12 0
                                    

"အစ်ကို...!"

ကားကိုမှီရပ်ကာ စောင့်နေတုန်း ဂိတ်ဝက ထွက်လာတဲ့ အစ်ကို့ကို မြင်လိုက်ရသည်။

ကျွန်တော့ကိုမြင်တော့ ခပ်သွက်သွက်လေး ရောက်လာပြီး

"ဒီမှာဘာလာလုပ်နေတာလဲ Jongin??! စာမေးပွဲနီးနေကြပြီမဟုတ်ဘူးလား..?"

"ဟီး... ထားပါ.. အဲ့စာမေးပွဲက..."

"ဘယ်ထားလို့ဖြစ်မလဲ..?! ဒီကလေးကတော့...!"

အစိမ်းနုရောင်ရှပ်အင်္ကျီနဲ့ ဂျူတီကုတ်အဖြူကို လက်မှာချိတ်ထားတဲ့ အစ်ကိုက ညနေကျောင်းဆင်းပြီးချိန်မှာတောင် သပ်ရပ်နေဆဲ...။

"ဆေးကျောင်းနားမှာ ဒီကားကို ခဏခဏတွေ့နေတာ... လက်စသတ်တော့ Jonginကိုး..! ဘယ် မမ ကို လာ,လာချောင်းနေတာလဲ ပြောစမ်း..?!"

"အာ... ကျွန်တော် မမ တွေ မကြိုက်ပါဘူး.."

"မကြိုက်ဘဲဒီကိုဘာကိစ္စ ခဏခဏ လာနေရတာလဲပြော..."

"ဒီတိုင်း.... အစ်ကို့ကို တွေ့ချင်လို့..."

"ဟေ..? ကိုယ့်ကိုတွေ့ချင်လို့..?"

နားမလည်သလို မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ ပြန်မေးတဲ့ အစ်ကို့ကို ကျွန်တော် ကိုက်စားပစ်ချင်နေပြီ။

အသည်းယားလွန်းလို့ပါ...။

"ဟုတ်တယ်.. အစ်ကို့ကိုတွေ့ချင်လို့..."

"အစ်ကို့ကို.. ဘာကြောင့်တွေ့ချင်ရသလဲ..? ဒီတိုင်း video call ခေါ်လည်းရတာဘဲ..။ ဒါမှမဟုတ် အပြင်မှာ သက်သက်ချိန်းလည်း ရတာဘဲကို.."

"မဟုတ်ဘူး.... နေ့တိုင်းကို... တွေ့ချင်နေတာ..."

ရဲတင်းစွာ ထွက်သွားတဲ့ ကိုယ့်ပါးစပ်ကို ကိုယ်ပြန်အံ့ဩမိသည်။ အစ်ကို့ခေါင်းလေးက ငုံ့သွားတော့မှ စိတ်ဆိုးသွားပြီလားဟု စိုးရိမ်နေရသည်။

"အဟမ်း... ဒါ Jonginကားလား..?"

"ကျွန်တော်တစ်ယောက်ထဲမဟုတ်ပါဘူး... Sehunနဲ့ စပ်ပြီးဝယ်ထားတာ..."

"ဩော်... လှတယ်နော်.. ကားလေးက..."

"တက်လေ.. အစ်ကို..။ အစ်ကို့ကို ကျွန်တော်ပြန်လိုက်ပို့ပေးမယ်..."

Talking To The Moon Where stories live. Discover now