1

170 22 12
                                    

အံ့ဩသွားသလို ကြည့်နေတဲ့ သူ့မျက်ဝန်းတွေကို အယောင်ယောင်အမှားမှား ရှောင်လွှဲရင်း

"လွတယ္ဆိုတာ... ခင္ဗ်ား... အက်ႌ..."

သူက သူဝတ်ထားတဲ့ အင်္ကျီအဖြူရောင် ပြောင်ရှင်းရှင်းကို တစ်ချက်ငုံ့ကြည့်သည်။ နောက်မှ ပြန်မော့လာကာ

"ကျေးဇူး..."

အောက်နှုတ်ခမ်းထူထူမှာ အကြည့်တွေရပ်တန့်မိရင်း ကျွန်တော်တို့ကြားက စကားသံတိတ်ဆိတ်သွားသည်။

"အခုမှ.. ဒီကိုလာတာလား..? အရင်က ခင်ဗျားကို ဒီမှာမတွေ့မိဘူး..."

"ဟုတ်တယ်.. သူငယ်ချင်းတွေ အတင်းခေါ်လာတာနဲ့.."

"ဟာ.. ငါကမင်းပျောက်သွားလို့လိုက်ရှာနေတာ... အိုး... Jongin, မင်းက ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ..."

ခြေလှမ်းကြဲကြီးတွေနဲ့ Chanyeol-hyungကရောက်လာပြီး အဖြူရောင်လူသားကို တရင်းတနှီးပြောကာ လက်ကိုပါ ဆွဲခေါ်နေသည်မို့ ကျွန်တော်စိတ်ရှုပ်သလိုဖြစ်လာရသည်။

"Hyung နဲ့သိလို့လား...?"

"သိတာပေါ့..!! တစ်ခါထဲမိတ်ဆက်ပေးမယ်လေ.. Jongin.. သူက.. ငါ့မေဂျာကတစ်ယောက်ရဲ့သူငယ်ချင်း.. ဆေးတက္ကသိုလ်က... Zhang Yixing တဲ့..။ Yixing... ဒါက ငါ့ညီလေးပေါ့ကွာ.. Kim Jongin တဲ့..."

ကျွန်တော့ထက် နှစ်နှစ်တောင်ကြီးတာလား..?! ဒီဖြူဖြူပိန်ပိန်လေးကလေ...!။

"တွေ့ရတာ ဝမ်းသာပါတယ် Jongin..."

ပြုံးလိုက်တဲ့အခါ ပါးပြင်က နက်နက်ရှိုင်းရှိုင်း ချိုင့်ဝင်သွားတဲ့ ပါးချိုင့်တွေကို ကျွန်တော် အကြည့်မလွှဲနိုင် ဖြစ်ရပြန်သည်။

"Jongin... မင်း... ဘာ... လုပ်...??!!"

"ဗျာ... အမ်!"

စောစောက ကြည့်တာထက်ပို ပိုဝိုင်းနေသောမျက်ဝန်းတွေ... ဒီတစ်ခါတော့ တကယ်ထိတ်လန့်နေဟန်ရှိသည်။ Chanyeol-hyungရဲ့အသံကြောင့် သတိဝင်လာတော့မှ မြင်တာက သူ့ညာဘက်ပါးချိုင့်ထဲ တိုးဝင်ထားမိတဲ့ ကျွန်တော့လက်ညှိုး....။

Zhang Yixingက ခပ်ယောင်ယောင်နဲ့ အနောက်ကို တစ်လှမ်းဆုတ်လိုက်တော့ ကျွန်တော့မှာ ကတိုက်ကရိုက်နှင့်

Talking To The Moon Where stories live. Discover now