3

81 19 0
                                    

ကုတ်အင်္ကျီအထူတွေနဲ့ စမတ်ကျကျ ဝတ်စားခြင်းဟာ ကျွန်တော့ style မဟုတ်ပါ။ တီရှပ်တစ်ထည်ရယ် ဂျင်းဘောင်းဘီရယ်ကိုဘဲ တစ်ပတ်ခုနစ်ရက် ဝတ်တတ်တဲ့လူကို ဒီလို လူကြီးလူကောင်းဆန်ဆန် အဝတ်အစားတွေ ဝတ်ဆင်ပေးထားတာက အင်မတန် မွန်းကြပ်စေမှန်း ကျွန်တော့မိဘနှစ်ပါး သိသင့်သည်။

မလိုက်မနေရဆိုတဲ့ အမိန့်ကြောင့်သာ ကားပေါ်ရောက်နေရပြီး အခုထိ ဘယ်သူက ဘယ်မှာလုပ်တဲ့ ဘာပွဲလဲဆိုတာတောင် ကျွန်တော်မသိသေး။ လောလောဆယ်တော့ ကိုယ့်အခန်းကိုယ်ပြန်ပြီး အိပ်ရာထဲလှဲရင်း TVကြည့်တာဘဲဖြစ်ဖြစ်.. ဂိမ်းထိုင်ဆော့နေတာဘဲဖြစ်ဖြစ် လုပ်နေလိုက်ချင်သည်။ မသိတဲ့လူတွေနဲ့ နှုတ်ဆက်စကားတွေ ပြောနေရမှာထက်စာရင်....။

"Kim Jongin! မျက်နှာက တည်မနေနဲ့...။ လူကြီးတွေအများကြီးရှေ့မှာ ငါ့ကို အရှက်မခွဲနဲ့...!"

"ကိုယ့်သားကိုပြောစရာ စကားက ဒါပဲရှိတာလား?"

"ဘာပြောတယ်?"

"အဲ့လောက် စိတ်ပူမနေပါနဲ့... ဒီခေါင်းထဲမှာ လူအသိဉာဏ်ရှိပါသေးတယ်..."

စိတ်ပျက်ဟန် တောက်တစ်ချက်ခေါက်ပြီး တစ်ဖက်လှည့်သွားတဲ့ အဖေ့ကို ကျွန်တော်လည်း ကျောပေးလျက်ပါဘဲ။

အေးတိအေးစက်ဖြစ်နေခဲ့ကြတာ.. ကျွန်တော် အိမ်ခွဲမနေခင်ထဲက...။

မသိမသာရော.. သိသိသာသာရော.. ကျွန်တော့အကြောင်းပြောနေကြတာတွေကို ဝိုင်တစ်ခွက်နဲ့ လျစ်လျူရှုထားလိုက်သည်။ ကောင်းတာပြောပြော.. ဆိုးတာပြောပြော.. စက္ကန့်အနည်းငယ်အတွင်း လေထဲပျောက်သွားမယ့်စကားလုံးတွေကို ကျွန်တော် ထူးထူးထွေထွေ ခံစားနေစရာမလိုအပ်ပါလေ...။

"ဘာလို့တစ်ယောက်ထဲ နေနေတာလဲ Jonginရဲ့?"

မဟုတ်မှလွဲရော...ဒီအသံက...!

"ဟင်? မင်း ဒယ်ဒီကိုတော့ ဟိုဘက်မှာတွေ့တယ်... မင်းပါလာတယ်ပြောနေကြလို့ ကိုယ်လိုက်ရှာနေတာ.. အခုမှဘဲ တွေ့တော့တယ်..."

ကျွန်တော်ရပ်နေရာက လူတွေနဲ့ အဝေးဆုံး ခြံစွန်နားမှာ ဖြစ်ပြီး အစ်ကိုက ကျွန်တော့နားက သစ်ငုတ်လေးပေါ်မှာ ထိုင်ချလိုက်သည်။

Talking To The Moon Donde viven las historias. Descúbrelo ahora