၁၈

121 11 0
                                    

(Zawgyi)

"​မြေး ထိုင်​ဦး.... Yoon​လေးလည်း ထိုင်​..."

"ဟုတ်​...."

အဖိုးရဲ့ မျက်​နှာခြင်းဆိုင်​မှာ သူနဲ့Yoon နှစ်​​ယောက်​သားဝင်​ထိုင်​လိုက်​သည်​....

"အဖိုး ကိစ္စရှိလို့လား...."

"အင်း ရှိတယ်​.... တခြား​တော့ မဟုတ်​ပါဘူး.... အဖိုး​မြေးကို အိမ်​​ထောင်​ချ​ပေး​တော့မလို့...."

"ဗျာ!!!!...."

အဖိုးရဲ့စကား​ကြောင့်​ သူ​ရော Yoonပါ အဖိုးကို အလန့်​တကြားကြည့်​လိုက်​မိသည်​....

"အဖိုး သား...."

"သားမှာ ချစ်​သူရှိတယ်​တို့ ဘာတို့​တော့ မ​ပြောနဲ့​နော်​.... ​မြေးမှာ ဘာချစ်​သူမှမရှိတာ အဖိုးသိတယ်​...."

"အဖိုးက သားနဲ့သ​ဘောတူထားတာ ဘယ်​သူလဲ...."

"အဖိုး မိတ်​​ဆွေရဲ့​မြေးပါ...."

"သူက​ရော သ​ဘောတူရဲ့လား အဖိုးရာ...."

သူနဲ့အဖိုး စကား​ပြော​နေ​သည်​ကို Yoonက အဖိုးကိုကြည့်​လိုက်​ သူ့ကိုကြည့်​လိုက်​လုပ်​​နေသည်​....

"သ​ဘောတူတာ​ပေါ့.... သားနဲ့လက်​ထပ်​​ပေးမယ်​​ပြောထဲက ​ခေါင်းငြိမ့်​ပြီးသား.... ​နောက်​လထဲမှာ သူတို့မိသားစု အားလုံးအဖိုးတို့ဆီကိုလာလိမ့်​မယ်​.... အဲ့ဒါ သားသိ​အောင်​​ပြောပြထားတာ...."

ငြင်းမရမှန်း သိ​နေတာမို့ သူ အဖိုးစကားတို့ကို ​ခေါင်းလည်း မငြိမ့်​​ခေါင်းလည်းမခါ​တော့ပဲ အ​ပေါ်တက်​သို့တက်​ခဲ့လိုက်​သည်​.... အ​ပေါ်တက်​တာ သူ​အေး​ဆေးတက်​လာခဲ့တယ်​ဆိုရင်​ မှားသွားလိမ့်​မယ်​... အဖိုးကို ပြန်​မ​ပြောနိုင်​သမျှတို့ကို ​လှေကား​ပေါ်ပုံချရင်း တဒုံးဒုံးနဲ့တက်​ခဲ့တာ.... ဒါကို အဖိုး​တော့ နားလည်​လိမ့်​မည်​....

"သမီး Yoon​လေးကလည်း သမီးသူငယ်​ချင်း လက်​ခံလာ​အောင်​​ပြော​ပေး​နော်​...."

"ဟုတ်​ကဲ့ အ​ဖိုး... သမီးလည်း Taeminဆီလိုက်​သွားလိုက်​မယ်​​နော်​...."

အဖိုးက​တော့ တဒုံးဒုံးနဲ့အ​ပေါ်တက်​သွားတဲ့ ​မြေးဖြစ်​သူကို ပြုံးကာကြည့်​ရင်း....

Tie [Zawgyi / Unicode]Where stories live. Discover now