19

3.4K 350 76
                                    

ဆယ်​ဟွန်းဧည့်​ခန်းအတွင်းရှိဆိုဖာ​ပေါ်တွင်
ထိုင်​​နေရင်းဘာလုပ်​ရမည်​မသိဖြစ်​​နေမိသည်​.....

ဒီ​နေ့မှစပြီး ချန်း​ယောလ်​ဆိုသူနှင့်​အတူ
တစ်​အိမ်​တည်းတွင်​​နေရ​တော့မည်​ဖြစ်​သည်​......

အတိတ်​ကို​တွေးမိကာ အနည်းငယ်
ကြောက်​​နေမိ​ပေမယ့်​ သူကကိုယ်​နှင့်
မဖြစ်​မ​နေပတ်​သက်​ရမည့်​သူဖြစ်​​နေပြီဖြစ်​သည်​.....

မနက်​ကပင်​လက်​ထပ်​မှတ်​ပုံတင်​ပြီးကာ
အပြီး​ပြောင်းလာခြင်းဖြစ်​သည်​........

ကိုကြီးက​တော့ အ​ကြောင်းကိစ္စတစ်​ခုခုဆိုလျှင်
ချက်​ချင်းဖုန်းဆက်​အ​ကြောင်းကြားရန်​​ပြောသွားသည်​.....

ကိုကြီးသည်​လည်း မလွှဲသာ၍
သ​ဘောတူလက်​ခံလိုက်​ရခြင်းဖြစ်​သည်​.....
ဒူး​ထောက်​​တောင်းပန်​ခဲ့​သောကိုကို.....အဲ....
အခုဆို အစ်​ကိုရီဖန်​​ပေါ့......အစ်​ကိုရီဖန့်​​ကြောင့်
လက်​ခံလိုက်​ခြင်းပင်​ဖြစ်​သည်​........

ထိုသူသည်​လည်း အနည်းငယ်​​အေးစက်​​နေ​သော
ဆက်​ဆံ​ရေး​ကြောင့်​ စ​ရောက်​ထဲကပင်
စကားမ​ပြောဘဲခပ်​လှမ်းလှမ်းမှသာ
အရိပ်​တကြည့်​ကြည့်​နဲ့ အကဲခတ်​​နေသည်​.......

သူ့တိုက်​ခန်းကိုသာ​ပြောင်းလာခြင်းတွင်
အစစအရာရာအားလုံးအဆင်​​ပြေပါသည်​.....
ဒါ​ပေမဲ့.....တစ်​ခန်းတည်း​သော
အိပ်​ခန်း​ကြောင့်​ ဆယ်​ဟွန်းအ​နေခက်​​နေမိသည်​.....

သ​ဘောမတူမကြည်​ဖြူလျှင်​နိုင့်​ထက်​စီးနင်း
မလုပ်​ဟုကတိ​ပေးထား​သော်​လည်း
အတိတ်​ကအဖြစ်​အပျက်​အချို့​နောက်​တကြိမ်
ပြန်​ကြုံ​တွေ့ရမည်​​ကို​ကြောက်​ရွံ့သည်​......

" ဟွန်း!!! ဘာလိုချင်​လို့လဲ...... "

ရေ​သောက်​ရန်​ထလိုက်​သည်​တွင်
အနားသို့အမြန်​​ပြေးလာသူ......

" ဟို......​ရေ......​ရေ​သောက်​ချင်​လို့ပါ "

" ​အော်​......ထိုင်​​နေ​လေ.......
ကိုယ်​ယူ​ပေးမယ်​​နော်​....... "

ခဏအကြာတွင်​​ရေတစ်​ခွက်​ကိုင်​ကာ
အနားသို့​ရောက်​လာသည်​........

If we meet again.... [ ChanHun OTP ] CompletedWo Geschichten leben. Entdecke jetzt