💔 2. 💔

4.5K 327 30
                                    

နာကျင်​မှုများ၏စတင်​ရာ..........

ဆယ်​ဟွန်​း ရှန်​ဟိုင်​းက​ဒေါ်​လေးတို့ဆီမှာပဲ
အထက်​တန်​းတက်​ခဲ့ပြီး တက္ကသိုလ်​ကို​တော့
ကိုကြီးရဲ့ဆူပူမှု​ကြောင်​့ ကိုရီးယားတွင်​တက်​ရန်​
အပြီးပြန်​လာခဲ့​တော့သည်​......

ဟုတ်​ပါတယ်​​လေ.....ရှိတာမှ ဒီညီအစ်​ကို
နှစ်​​ယောက်​တည်​းကို ကိုကြီးလည်​း
သူနဲ့အတူ​နေချင်​မှာ​ပေါ့​လေ......
ပါးပါးနှင်​့မားမား ဆုံးပြီးကတည်​းက
​ဒေါ်​လေးတို့နှင်​့သာအတူ​နေဖြစ်​သည်​....

ထိုအချိန်​က တက္ကသိုလ်​​ကျောင်​းသားကိုကြီးအ​ပေါ်
၀န်​ပိုမည်​ကို စိုးရိမ်​၍ဖြစ်​သည်​.....

အခု​တော့ ကိုကြီးလည်​းအလုပ်​အကိုင်​
အ​ခြေတကျဖြစ်​ကာ မကြာခင်​တွင်​
မင်္ဂလာ​ဆောင်​​တော့မည်​ဟုလည်​း
​ပြောသံကြားသည်​......

" ဟွန်​း​လေး...... "

" ကိုကြီး..... "

ကိုကြီးဆီသို့အ​ပြေးသွားကာ
အလွမ်​းသယ်​ရ​တော့သည်​......

" ​နေနိုင်​လိုက်​တဲ့​ကောင်​စုတ်​​လေး......
ဒီအစ်​ကိုမှအတင်​းမ​ခေါ်ရင်​ပြန်​လာမယ်​ကို
မထင်​ဘူး........ "

" အဲ့လိုမဟုတ်​ပါဘူး.....ဟွန်​းအတွက်​နဲ့
ကိုကြီး၀န်​ပို​နေမှာစိုးလို့ပါ "

" ပိုပြီ......အဲ့လိုဖြစ်​စရာလား.....ဟွန်​းက
ကိုကြီးရဲ့တစ်​ဦးတည်​း​သောညီ​လေးပဲကို....
​အော်​.....ဒါနဲ့.....ဒါက ကျန်​းရီရှင်​းတဲ့....
ကိုကြီးနဲ့လက်​ထပ်​မယ်​့သူ...... "

ပါးချိုင်​့​လေးထင်​း​နေ​အောင်​ရယ်​ပြ​နေ​သော
အစ်​ကိုကြီး.......အင်​း.....မဆိုးပါဘူး.....
ဟွန်​းရဲ့ကိုကြီးနဲ့ လိုက်​ပါတယ်​.....

" ဟုတ်​ကဲ့......ကျွန်​​တော်​က ဆယ်​ဟွန်​းပါ...
အစ်​ကိုရှင်​း နား​တော့​တော်​​တော်​ပူ​နေမှာပဲ....
ကိုကြီးပွစိပွစိ​ပြောလွန်​းလို့​လေ "

" ဟားဟား......ဟုတ်​တယ်​....အမှန်​ပဲ "

" ​ကောင်​စုတ်​​လေး.....အစ်​ကို ကို​
​ပြောစရာလား "

" ချစ်​လို့စတာပါ ကိုကြီးရဲ့..... "

​လေဆိပ်​အတွင်​း ​ပြေးလွှား​နေ​သော
​ကောင်​​လေး၏အပြုံးတို့သည်​
ဖြူစင်​ကာလှပလွန်​းသည်​.........

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now