💔 5. 💔

2.9K 270 57
                                    

ဆယ်​ဟွန်​းအကြိမ်​ကြိမ်​စဉ်​းစား​နေမိတယ်​.......
သူတကယ်​ကိုဘာလုပ်​သင်​့တယ်​ဆိုတာ
မသိ​တော့ဘူး..........

က​လေး.......က​လေး ​လေးတဲ့လား.....

သူ့မှာတကယ်​ပဲ ဟိုလူနဲ့ရတဲ့က​လေး​လေး
ရှိ​နေပြီတဲ့လား........
ဘာလို့လဲ......လွတ်​​မြောက်​ပြီဆိုမှ
ဘာလို့​နောက်​ထပ်​ချည်​​နှောင်​ခံရပြန်​တာလဲ.....

မုန်​းတယ်​.......ထိုလူနဲ့ပတ်​သက်​သမျှ
အရာအားလုံးကို မုန်​းတယ်​........
​နောင်​တစ်​ချိန်​ချည်​​နှောင်​လာနိုင်​သည်​့
ထိုက​လေးကိုလည်​းမုန်​းသည်​.......
သူအပြီးတိုင်​လွတ်​​မြောက်​ချင်​လှပြီ.......

လွတ်​​မြောက်​နိုင်​မည်​ဆိုပါက
ဘာပဲလုပ်​ရလုပ်​ရ သူလုပ်​နိုင်​သည်​......

ထိုလူ့က​လေးကိုလွယ်​ထားရသည်​ဆို​သော
ခံစားချက်​သည်​ သူ့အားဆိုးရွား​သော
ခံစားချက်​ကို​ပေးစွမ်​းသည်​.......

​အပြီးတိုင်​မလွတ်​​မြောက်​နိုင်​​သော
ကိုယ်​့ကိုယ်​ကိုလည်​းမုန်​းသည်​........

စီးကျလာ​သောမျက်​ရည်​တို့အား
မသုတ်​ပစ်​ပဲ လွတ်​လပ်​စွာ
ကျဆင်​းခွင်​့​ပေးလိုက်​သည်​........

လူနာကုတင်​​ပေါ်မှ အပြင်​ဘက်​ကို​​ငေးကာ
မျက်​ရည်​ကျ​နေ​သော ညီငယ်​ဖြစ်​သူကို
ဂျွန်​​မြောင်​ရင်​နာနာဖြင်​့ကြည်​့​နေမိသည်​......

ဘာလို့များလဲ........ဟွန်​း​လေးကျမှ
ဘာလို့ရက်​စက်​ရတာလဲ.......
သူသိပ်​ကိုမှားခဲ့သည်​......
ရှန်​ဟိုင်​းတွင်​အ​ခြေကျ​နေ​သောဟွန်​း​လေးကို
ဆိုးလ်​ကိုပြန်​​ခေါ်ခဲ့ခြင်​းသည်​ သူ့အတွက်​
အကြီးမားဆုံး​နောင်​တဖြစ်​ခဲ့သည်​.......

အမြဲပြုံးရယ်​​နေတတ်​​သော ဟွန်​း​လေးသည်​
ယခုအချိန်​တွင်​
အမြဲငို​နေကာအသက်​မဲ့​နေ​သော
ခံစားချက်​များနှင်​့ရှင်​သန်​​နေပြီဖြစ်​သည်​......

က​လေး........ဘယ်​လိုပင်​လူယုတ်​မာရဲ့က​လေး
ဖြစ်​​နေ​သော်​လည်​း သက်​ရှိ​လေးမို့မရက်​စက်​နိုင်​​ပေ.....
၇ပတ် ​ဆို​သော အသက်​က​လေးသည်​
တ​ဖြေး​ဖြေးနှင်​့ကြီးထွားလာ​နေပြီဖြစ်​သည်​......

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now