💔 11. 💔

2.6K 248 50
                                    

ဆယ်​ဟွန်း ကိုကို့မားမားနှင့်
ထမင်းစားအပြီးဆိုင်​အပြင်​​ရောက်​မှသာ
သက်​ပြင်းကိုရဲရဲချနိုင်​သည်​......

ဘယ်​​လောက်​ပင်​ကိုကိုကသိ​နေပြီး
လက်​ခံနိုင်​သည်​ဆို​သော်​ညား
ကိုကို့မိဘ​တွေကမသိခဲ့ဘူးမလား....

က​လေး​လေးကို ​ယောက်ျား​လေးဆိုတာ
သိသွား​တော့ကိုကို့မားမား​ပျော်​​နေသည်​တွင်
မျက်​နှာ​တောင်​ရဲရဲမကြည့်​ရဲ​ပေ....
အပြစ်​လုပ်​ထားသူမို့​ကြောက်​​နေရသည်​....

သား​လေးကိုတကယ်​ပဲ
ကိုကို့က​လေးဟုထင်​​နေခဲ့သည်​​ကြောင့်
ကိုကို့မိဘများ​ရှေ့​ရောက်​တိုင်း
အ​နေခက်​ရသည်​.....

တကယ်​လို့များအမှန်​တရားကို
သိသွားခဲ့ရင်​ဆို​သောစိတ်​သည်
အမြဲလိုလိုကြီးစိုးထားသည်​.....

" ဟွန်း......အ​နေခက်​​နေပြန်​ပြီလား....
ကိုယ်​ပြောထားတယ်​​လေ....အခု
အဲ့လိုမခံစား​တော့လည်းဖြစ်​ပြီလို့.....
ဟွန်းရဲ့ဗိုက်​ထဲက က​လေး​လေးက
ကိုယ့်​ရဲ့သား​လေးမို့ ဟွန်းကအတိတ်​က
ကိစ္စကိုပဲ​မေ့ထားလိုက်​ရင်​ဖြစ်​ပြီ....
အခုချိန်​ထိကိုယ့်​အချစ်​ကို
မယုံကြည်​နိုင်​​သေးတာလား..... "

" မဟုတ်​ပါဘူး....ဟွန်း....ဟွန်းက
ဒီအတိုင်းအားနာလို့ပါ.....မဖြူစင်​တဲ့
ဟွန်းကိုအရမ်းချစ်​​ပေးတဲ့ကိုကို့ကို
အားနာလို့.....ကိုကို့မိဘ​တွေ
သိသွားခဲ့ရင်​ဆိုပြီး​ကြောက်​လို့..... "

ပခုံးကိုခပ်​တင်းတင်းဆုပ်​ကိုင်ကာ
ရင်​ခွင်​ထဲခပ်​တင်းတင်းဖက်​ထား​ပေး​သောကိုကို.....

" ဟွန်းရယ်​......ကိုယ်​ကဟွန်းကိုဒီအတိုင်း....
ဟွန်းဖြစ်​​နေလို့ချစ်​ခဲ့တာပါ....ဟွန်းကို
အရမ်းချစ်​ရတဲ့ ကိုယ့်​အတွက်​အတိတ်​ဆိုတာ
မလိုအပ်​ပါဘူး......ဟွန်းကိုအရမ်းချစ်​ရတာမို့
ဟွန်းနဲ့ပတ်​သက်​တဲ့အရာအားလုံးကို
ကိုယ်​လက်​ခံနိုင်​တယ်​....အဲ့ဒါ​ကြောင့်
နောက်​တစ်​ခါဘယ်​​တော့မှ အပြစ်​ရှိသလို
အ​နေရခက်​မ​နေပါနဲ့​နော်​..... "

ဟွန်းကိုအရမ်းချစ်​​ပေးတဲ့ ကိုကို့အချစ်​​တွေကို
မြင်​​နေရတာမို့......ကိုကို့ခါးကိုလက်​နှစ်​ဖက်​ဖြင့်
ခပ်​တင်းတင်းပြန်​ဖက်​ထားကာ​ခေါင်းငြိမ့်​လိုက်​မိသည်​....

If we meet again.... [ ChanHun OTP ] CompletedWhere stories live. Discover now