🌿 Spring Love 6 🌿

Start from the beginning
                                    

^^^^^^^

ကတောက်ကဆဖြစ်ပြီးနောက်ပိုင်းသူတို့စကားမပြောဖြစ်ကြ။
သူကလည်းမမှားဘူးလို့ယူဆတာမို့မခေါ်။ Jongin ကလည်းမခေါ်။ဒီလိုနဲ့တစ်ခန်းတည်းနေပြီးအနေအေးသွားသည်။
မနက်ဆိုအလုပ်မသွားခင်
ချက်ပြုတ်ပြီးသမီးကိုမူကြိုသွားပို့သည်။
ကိုယ့်အလုပ်က Bakery ဆိုင်ဝယ်အချိန်ပိုင်းဝန်ထမ်း
သမီးမူကြိုဆင်းချိန်အမှီပြန်လို့ရတော့အဆင်လည်းပြေသည်။
အလုပ်မှာလည်းအဆင်ပြေတာမို့ဆိုင်ရှင်ဆီကချီးကျူးစကား
ကြောင့် baekhyun ပျော်ရသည်။

ဒီနေ့မှကိုယ့်အစားဝင်မဲ့သူနောက်ကျလို့အလုပ်ချိန်ပိုဆင်းရသည်။မူကြိုကျောင်းဆီလှမ်းပြောထားသော်ငြား
အလုပ်ပြီးတာနဲ့အပြေးသွားရသည်။ကျောင်းရောက်တော့သမီးကငိုမဲ့မဲ့နဲ့ဆီးကြိုသည်။မျက်နှာသုန်မှုန်လျက် Jongin ပါရောက်နေသည်။ဆရာမကသူရောက်မှအကျိုးအကြောင်းမေးကာအားနာပြီး
Jongin ကိုတောင်းပန်သည်။

ကျွန်တော်ကိုသာမန်မိသားစုကလေးအဖေဘဲထင်မှတ်
ကာ Jongin လာကြိုတော့ကလေးအဖေလို့ပြောရာက
ပြသာနာတက်ကြတာ။ယောက်ကျားလေးချင်းလက်ထပ်ထားပြီးကလေးပါမွေးထားတာလက်တွေ့ကြုံရတာမို့ဆရာမခင်မျာတအံ့တဩဖြစ်နေပုံ။
အပြန်လမ်းဝယ်သူ့သမီးကိုချီကာခပ်သုတ်သုတ်လျောက်သည်။နည်းနည်းပါးပါးလေးတောင်လူကိုမစောင့်။သူခြေတံပိုရှည်တိုင်းမြန်မြန်လျောက်ရတယ်လို့သမီးပါနေလို့
ဒီပြင့်ဆိုနောက်ကနေလိုက်ကန်ပြီးပြီ။

စိတ်ပုတ်ကြီး
အခုထိပြန်မခေါ်ဘူး။ရတယ်လေ
သူမခေါ်တော့လည်းအပတ်တိုင်းလိုက်လျောရသော
ကိစ္စမရှိတော့ဘူး။

Baekhyun ခင်မျာနောက်ကနေပွစိပွစိပြောနေသော်လည်း
ရှေ့ကလူကသူ့သမီးနဲ့တကမ္ဘာတည်ဆောက်ကာ
နည်းနည်းလေးတောင်အဖက်မလုပ်။

"papa မီးမီးမုန့်စားချင်တယ် "

Jongin သမီးလကိညိုးထိုးရာကြည့်တော့အရုပ်ခွက်တွေထဲသကြားရည်လောင်းထည့်ထားသောမုန့်၊ကလေးတွေအကြိုက်အချိုကဲကဲအရုပ်မုန့်များ
တစ်လောကသမီးသွားကိုက်လို့ဂျီကျနေတာ။သွားဆေးခန်း
လည်းပြထားရသည်မို့ဝယ်ကျွေးလို့ဖြစ်ပါ့မလား Baekhyun ကိုမေးမှဖြစ်မယ်။

🌿 Spring Love 🌿Where stories live. Discover now