🌿 Spring Love 4 🌿

Start from the beginning
                                    

*အဲ့*

သမီးအသံကြောင့် Jongin နိုးလာကာပြူးတူးပြဲတဲဖြစ်သွားပြီးဘေးနားဝယ်ကလေးနို့တိုက်နေသောအချစ်ကိုမြင်မှ
ရီပြလိုက်သည်။

"အချစ် ... "

"ဘာလို့သမီးကိုခေါ်သွားတာလဲ
ပြီးတော့လည်းအောက်မှာလှဲနေရလား
ကျောမအေးတဲ့အတိုင်းဘဲ
အအေးပက်မှ "

အချစ်ရဲ့မျက်စောင်းလေးကိုခံယူရင်းအချစ်ဘေးကပ်ထိုင်ကာတစိမ့်စိမ့်ကြည့်တော့မိမိဗိုက်ဆီအချစ်လက်လေးရောက်ကာ
ဆွဲလိမ်ခံလိုက်ရသည်။

"ဟွန့် လူကနိုးလာတာသမီးမတွေ့တော့လန့်သွားတာဘဲဘာမှန်းကိုမသိဘူး "

"ကိုယ့်ကိုရောမတွေ့လို့မလန့်ဘူးလား "

"ဘာဆိုင်လို့လဲ "

"ဆိုင်တာပေါ့
ကိုယ့်ကိုမချစ်ဘူးလား "

Baek ပါးတစ်ပြင်လုံးနီရဲလာသလိုဘဲ
ဘာလို့မချစ်ဘူးလားခဏခဏလာမေး
သမီးတစ်ယောက်ဘဲထွက်လာပြီးပြီ
ချစ်တာမချစ်တာကအရေးပါသလား။
သူ့အိမ်ထောင်ဘက်တာဝန်ကျေရင်ပြီးပြီမလား။

Jongin အခုထိစိတ်တိုင်းမကျသေးသောအချက်ရှိသည်။အချစ်ကအခုထိချစ်ပါတယ်ပြန်မဖြေသေးတာ။ဘာလည်းကွာ
သူ့ကိုအခုထိမချစ်သေးဘူးလား။သူ့မှာတော့ချစ်လိုက်ရတာ။

🌿

"ကလေးမလား"

ရင်းနှီးသောခေါ်သံကြောင့် Baekhyun လှည့်ကြည့်လိုက်တော့

"Hyung "

"ကိုယ်လူမှားမှာစိုးလို့သေချာလိုက်
ကြည့်နေတာ
တကယ်ကိုယ့်ကလေးဖြစ်နေတာပါလား "

"Hyung မတွေ့ရတာကြာပြီ "

ကြက်သားထုတ်ကိုင်ကြည့်နေဆဲမိမိရင်းနှီးသောအသံကြောင့်ကြည့်မိတာ
Joon gi Hyung ဖြစ်နေလေသည်။
တကယ်မထင်မှတ်ထားလို့ဝမ်းသာရသည်။
မတွေ့တာကြာပြီမလား။

"အာရီဂူး ကိုယ့်ဝက်ပေါက်လေးလူတောင်
မှားတယ်။ချောလာလိုက်တာ၊Body silm လေးဆိုတော့Uni တက်ဖို့အပြတ်ဝိတ်ချလိုက်တာလား။ဘယ် year တက်နေပြီလဲ "

"Hyung မေးတာအများကြီး
ဘယ်လိုပြန်ဖြေရမလဲ "

"အာ ဟုတ်သား
ဒါနဲ့ ကလေး Ph no ပေးခဲ့
ထပ်တွေ့ရအောင် "

🌿 Spring Love 🌿Where stories live. Discover now