Page { 24 }

3.8K 382 39
                                    

လူတွေကလေ မဖြစ်နိုင်တဲ့အရာတွေကို
မှ သိပ်ပိုင်ဆိုင်ချင်ကြတယ် …။

ရရန် ခက်ခဲသည့် အရာတွေကိုမှ ပိုပြီး
လိုချင်ကြတယ် …။

ကိုယ်လက်လှမ်းမမှီတဲ့ အရာတွေ
က ပိုတန်ဖိုးရှိတယ် လို့ ထင်မှတ်ကြတယ်…။

အဆိုးဆုံး… ကိုယ့်ကိုပြန်မချစ်နိုင်တဲ့ လူကို
မှ ရူးမူးတွယ်တာ စွာချစ်ခင်ကြတယ် …။

"လမင်းကြီးထဲမှာ အရမ်းလှတဲ့ ယုန်လေး
တစ်ကောင်နေတယ် "

ငယ်ငယ်က အမေဖြစ်သူပြောဖူးသည့်
စကားတစ်ခွန်းကို တကယ်ထင်ပြီး
ယုံမှတ်ခဲ့ဖူးသည်။ အမေပြောသည့်
အရမ်းလှတဲ့ယုန်လေးကို အဝေးကြီး
မှာရှိတဲ့ လကြီးဆီ အရောက်သွားပြီး
တွေ့ဖူးချင်သည်။

ထို့ကြောင့် လမင်းကြီးဆီ ကိုယ်တိုင်သွား
ပြီး ယုန်လေးကိုသွားတွေ့သည်ဟု
စိတ်ကူးယဉ်အိမ်မက်များစွာ
မက်ခဲ့ဖူးသည်။

အပြင်၌လည်း အိမ်မက်ထဲကအတိုင်း
ယုန်လေးကိုသွားတွေ့နိုင်တယ်
ထင်ခဲ့ဖူးသည်။

သို့သော် အရွယ်ရောက်လာသည့်အခါ
လမင်းထဲတွင်နေထိုင်သည့်ယုန်လေး
မရှိတာကို သိရသည့် အခါ …
ခပ်ရူး ရူး အိမ်မက်တစ်ချို့ က
လေထဲမှာတင်ပုန်းလျှိုး ပျောက်
ကွယ်သွားလေသည်။

ကျွန်တော်အရမ်းချစ်ရတဲ့ ခင်ဗျားကလေ
ငယ်ငယ်က မက်ခဲ့ဖူးတဲ့ တကယ့်ဖြစ်မလာ
မယ့် အိမ်မက်လိုဘဲ …။

ကျွန်တော်ချစ်သလို …ခင်ဗျားလဲ ပြန်ချစ်
လိမ့်မယ်ဆိုသည့် ခပ်ရူးရူးမျှော်လင့်ချက်
တွေ …တကယ် ဖြစ်မလာတဲ့ အခါ လေထဲ
မှာတည်ဆောက်ထားတဲ့ ကျွန်တော့် စိတ်
ကူး ယဉ်အိမ်မက်တွေက တစ်စစီ ပျက်သုန်း
လျက်။

သိပ်ချစ်ရတဲ့ ခင်ဗျားကို မဆုံးရှုံးဖို့ရာ
အကောင်းဆုံးကြိုးစားခဲ့သည်။

ခင်ဗျားကို လက်မလျှော့ချင်လို့
အကောင်းဆုံးအားတင်းခဲ့သည်။

သို့သော် ခင်ဗျားရဲ့ ဥပေက္ခာများသည်
လက်လျှော့ဖို့ကိုဘဲ တွန်းအားပေးခဲ့သည်။

ကျွန်တော်လက်လျှော့လိုက်ရင်
ကျွန်တော်ဘဲနာကျင်ရလိမ့်မယ် …။

Love is a Lie // TaeKook ( Completed )Kde žijí příběhy. Začni objevovat