Page { 20 }

3.9K 432 123
                                    

အထိန်းအချုပ်မရှိ တစ်ဟုန်းဟုန်းတောက်လောင်
နေသည့် မီးတောက်တစ်ခုအား လက်ဖြင့် အသာ
အယာ ထိတွေ့ မိသည်ရှိသော် နာကျင်ခြင်းနှင့်
ပူလောင်ခြင်းဆိုသည့် ခံစားချက် မှ အပ တခြား
ခံစားရသည် ဟူ၍ မရှိ …။

မီးတောက် ၏ သက်ရောက်မှု ပူလောင်ခြင်းသည်
ချို မြိန်မှု တစ်ခု မဟုတ်သလို ခါးသက်ခြင်းလဲ
မဟုတ်ခဲ့ …။ နာကျင်ခြင်း ကိုသာသီးသန့်ဖြစ်ပေါ်
စေသည်။

စူးရှစွာတောက်လောင်နေသည့် မီးတောက်တစ်ခု
သည် အဝါရောင်နှင့် အနီ ရောင် ဖြင့် ဝင်းလက်
တောက်ပ ကာ လှချင်တိုင်းလှနေတတ်သည်။
တစ်ခါတစ်ရံတော့ အပြာရောင် အဖြစ်လှပ
နေတတ်သည်…။

မီးဆိုသည့် အရာကို တော်တော်များများက
ဘဝင်မတွေ့ကြသော်လည်း ပိုးဖလံ လေးတွေ
ကတော့ တော်တော်ကိုသဘောတွေ့ကြသည်။

ပူလောင်ခြင်းဖြင့် တန်ဆာဆင်ကာ တောက်
လောင်နေတတ်သည့် မီးတောက်လေးတွေသည်
နာကျင်စေနိုင်မှန်းသိပါသော်လည်း သဘောကျစွာ
တိုးဝင် ခိုအောင်းကြသည် …။

သိတတ်စရွယ် ကလေး တစ်ယောက်ကို ပိုးဖလံလေး
မီးကို ဘယ်လောက်မြတ်နိုးကြောင်းပြောပြလိုက်ရင်
ပိုးဖလံလေးအရမ်းမိုက်မဲတယ်လို့ ဘဲ ထင်ကြလိမ့်
မည် …။

အမှန်ဘဲ … ပိုးဖလံ လေးတွေသိပ်မိုက်မဲတယ် …။

ခင်ဗျားလဲ ပိုးဖလံ လေးတွေလိုမိုက်မဲတယ် …။

ခင်ဗျား အတွက် နေရာ ဟူ၍ သီးသန့်ဖြစ်တည်
ခြင်းမရှိသည့် ကျွန်တော့်နှလုံးသားထဲ တိုးဝင်
ဖို့ရာ ကြိုးစားနေသည်မှာ မီးထဲ တိုးဝင်နေသည့်
ပိုးဖလံလေး သဖွယ် …။

မိုက်မဲတဲ့ပိုးဖလံလေးတစ်ကောင်အဖြစ် ရပ်တည်
ခြင်းမပြုဘဲ လိပ်ပြာလေးလို လှပတဲ့ အတောင်
ပံတွေကိုဖြန့်တန်းရင်း လေအဟုန် မှာ နစ်မြော
စီးဝင်လိုက်စမ်းပါ Min …။

ပိုးဖလံလေးလို နာကျင်ခြင်းမှာ ပျော်မွေ့မနေဘဲ
အထီးကျန်ဆန်တဲ့ပန်းကလေး နားမှာ ရစ်ဝဲကာ
အဖော်ပြုပေးလိုက်ပါ …။

Park Jimin ဆိုတဲ့ ပန်းကလေးတစ်ပွင့်ဟာ
သိပ်ကို အထီးကျန်ဆန်နေတာမို့  လိပ်ပြာလေးလို
လှပတဲ့ အတောင်ပံလေးတွေနဲ့ ပျော်ရွှင်ခြင်းတွေကို
ဖန်တီးပေးလိုက်ပါ …။

Love is a Lie // TaeKook ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin