Page { 22}

4.3K 422 71
                                    

ပျော်ရွှင်မှု ...
နှုတ်ခမ်းပါးတစ်စုံ လခြမ်းလေးလို ကွေးညွှတ်
သွားအောင် လုပ်ဆောင်နိုင်သည့် ပျော်ရွှင်မှု
ဖြည့်စွက်ထားတဲ့ အချိန်ကာလလေးသည်
ဆောင်းရာသီတွင် ဖြစ်တည်သည့် နေ့တာ
လေးလိုတိုတောင်းသည် ။

စိတ်ညစ်စရာတွေနဲ့ ရှုပ်ထွေးပွေလီနေသည့်
ဝမ်းနည်းမှု ...

မျက်ဝန်း၏ တစ်ထောင့် တစ်နေရာ တွင်
နေထိုင်သည့်မျက်ရည်တွေကိုဆွဲခေါ်
ထုတ်နိုင်စွမ်းရှိသည့်စိတ်ညစ်စရာအဖြစ်အ
ပျက်တွေဖြည့်စွက်ထားသော ဝမ်းနည်းမှုသည်
ဆောင်းရာသီ တွင် ဖြစ်တည်သည့်
ညတာလေးလို ပင်ရှည်လျားသည်။

ဒါတွေက လူတစ်ချို့ရဲ့ ကောက်ချက်ချမှုတွေပါ
Jeon...။

ကျွန်တော့်အတွက်ကတော့ ပျော်ရွှင်မှု
အရင်းအမြစ်ကခင်ဗျားပင် ...။
ခင်ဗျားနဲ့အတူယှဉ်တွဲ ရှိနေရသည့်
အချိန် ယန္တာရား တစ်ခုလုံးပျော်ရွှင်
မှု အတိ ... ။

ကျွန်တော့်ရဲ့ ပျော်ရွှင်မှုလေး
တိုတောင်းမယ် ရှည်လျားမယ်ဆိုတာ
သေချာတော့မသိဘူး Jeon...

လူတွေက တစ်ခါတစ်ရံ ခဏတာ ပျော်ရွှင်မှု
အတွက် စိတ်ညစ်စရာတစ်ချို့ကိုမေ့ဖျောက်
ထားတတ်သည်...။

ကျွန်တော်လဲဒီလိုဘဲ ...
ပျော်ရွှင်ခြင်းတွေ ပြည့်နှက်နေသည့်
ခင်ဗျားနဲ့အတူရှိနေရတဲ့အချိန်တွေ
မှာပျော်မွေ့ပြီး ...စိတ်ညစ်စရာတွေကို
မေ့ထားလို့ဖြစ်တယ်မလား Jeon...။

နှင်းတွေဝေစပြုသည့် ဒီဇင်ဘာလ...။
ဒီဇင်ဘာလ၏ ပထမဦးဆုံးရက်
ဖြစ်သည့် အပြင် မနက်စောစောလဲ
ဖြစ်တာမို့ ရာသီဥတု အနေအထား
သည် ပုံမှန် အနေအထားထက် သာ
လွန် ၍ အေး သည် ... ။

ဝေလီဝေလင်း အချိန်ကာလဖြစ်သည်မို့
ကောင်းကင် ၌ တစ်ရွေ့ရွေ့ သွားနေသော
တိမ်တစ်ချို့သည် ပြာလွင် လွင် မဟုတ်ဘဲ
အနည်းငယ် အမှောင်ဘက်သို့ သန်းနေ
သေးသည် ။

ကောင်းကင်ယံ ထက် ပြေး လွှား
ဆော့ကစား နေသည့် တိမ် စိုင်လေး
တွေကြားတွင် တစ်ခြမ်းထဲသာ ရှိသည့်
လမင်း ကလေးကို မြင်နေရသည် ။
သို့သော် မြူမှုန်တစ်ချို့၏ ကာရံမှု
ကြောင့် မြင်ရသည်မှာ ရှင်းရှင်း
လင်းလင်းမဟုတ်ဘဲ မှိန်ပျပျသာ။

Love is a Lie // TaeKook ( Completed )Where stories live. Discover now