Page {2}

9.2K 639 46
                                    

မနက်ထဲက ဘာမှမစားရသေးဘဲ ရုံးခန်းကိုဘဲ လိုက်ရှာနေမိတာကြောင့် ဗိုက်ထဲ က တစ်ဂွီဂွီ။ ကျောင်းက နာမည်ကြီး ကျောင်းတစ်ခု ဖြစ်တာကြောင့် အတော် အသင့် မဟုတ် အရမ်းကိုကြီးလွန်းသည့်ကျောင်း။ ကျယ်ပြန့် လွန်းတဲ့ ကျောင်းဆောင်တွေ အတွင်း ရုံး
ခန်းကို ရှာ လိုက်ရတာ ဖက်ဖက်ရယ်မောလို့ ။

လွယ်ထားသည့် လွယ်အိတ်ကြိုးကို တင်းနေအောင် ကိုင် ၍ မတွေ့သေးသည့် ရုံးခန်းကို ဆက်ကာ ရှာ နေမိသည်။ စောနက လူနဲ့ ဝင်တိုက်ထားတဲ့ အရှိန်ကြောင့် ခြေထောက်ကလဲ ထော့နဲ့နဲ့ ဖြင့်။ ရုံးခန်းကို ဘယ်လို
ပတ်ရှာရှာ မတွေ့တာကြောင့် လူက မူးနောက်နောက်
ပင်ဖြစ်လာသည်။

ဘယ်သူ့ ကိုမှအောက်ကျနောက်ကျခံကာ မေးမြန်း
ခြင်းမပြုလိုသော်လည်း သူဒီတိုင်းသာ ဘာမှမသိဘဲ ဆက်ရှာနေလျှင် ညမိုးချုပ်သွားနိုင်ချေရှိသည်။ ရုံး
ခန်း၏ တည်နေရာကို မေးဖို့ရာ အတွက် ဘေးဘီ ဝဲ
ဝိုက်ကြည့်ပြန်တော့ ကျောင်းမတက်သေးတာမို့ ထင်သည်။ အတန်းတွေထဲတွင် တစ်ယောက်မှ မရှိကြ ။

နှဖူး တွင် ခပ်စို့စို့ ဖြစ်လာသည့် ချွေးကို တစ်ချက်သုတ်ကာ လာတုန်းက လမ်းတွင် မြင်လာခဲ့သည့် ကန်တင်း
ဖြစ်လောက်မည် ဟု သတ်မှတ်၍ ရသော နေရာသို့
ထွက်လာခဲ့သည်။

အနံ့ မျိုးစုံဖြင့် မွှေးချင်တိုင်မွှေးနေသည့် အစားအ
သောက် ပေါင်းစုံနှင့် အတူ စကားစမြည် ပြောနေ
ကြသော လူတစ်ချို့ ။ မနက်ထဲက ဘာမှမစားရသေးတာမို့ တွေ့ရာ ဆိုင်ထဲ သို့ ဝင်လာလိုက်သည်။

ဆိုင်ထဲရောက်လျှင်ရောက်ချင်း ဆိုင်၏ ထိပ်ဆုံး တွင်
ကပ်ထားသည့် Menu ကိုလှမ်းဖတ်ကြည့်တော့ ဘာ
ဖြစ်ဖြစ် စုံအောင်ရသည့် ဆိုင်။ ထိုအခါမှသက်ပြင်း
တစ်ချက်ချကာ ကောင်တာသို့ သွား၍ နို့အေးတစ်ခွက်
မှာနေစဉ်  နွေးထွေးသော အကျီင်္ိ အပေါ်မှ ဖြတ်ကာ
စိမ့်ဝင် လာသည့် ရေအေးအေးတစ်ချို့ ။

ရေ ဟုထင်သော လည်း သေချာ အကျီကို ငုံ့ကြည့်မိ
တော့ Coffee ဟုထင်ရသော အရောင်ဖြင့်စွန်းပေ
လျက်။ရုတ်တရပ်ကြီး အလောင်းခံလိုက်ရသည်မို့ လူ က ပူထူပြီး ဘာမှမသိတော့တာအမှန်။ အခုမှစတတ်ရသည့် ကျောင်းမှာ သူ့ကို မုန်းသည့် လူတော့ရှိနေလိမ့်
မည်မဟုတ်။

Love is a Lie // TaeKook ( Completed )Donde viven las historias. Descúbrelo ahora