Page { 3 }

5.9K 576 33
                                    

တွေ့ချင်တဲ့သူနဲ့ ပြန်လည်တွေ့ဆုံရသောကြောင့် ထင်
သည် ။ ညဘက် အိမ်မက်ဆိုးတောင်မမက်ဘဲ ကောင်း
ကောင်း အိပ်ပျော်ခဲ့လေသည်။ အခန်းထဲသို့ တိုးဝင်
လာသည့် လေအေး တစ်ချို့ ကို ဥပေက္ခာပြုရင်း
ရေချိုးခန်းထဲသို့ ဝင်ကာ ရေမိုးချိုးလိုက်သည်။
ရေနွေးနွေးလေးဖြင့်ရေစိမ်ကာ ချိုးရင်း အတွေး
တို့ပြန့်လွင် ရာစီက Jeon ဆီသို့ ။

ရေချိုး ကန်၏ ဘေးတွင် စီထားသော ဘဲရုပ်လေး
တစ်ရုပ်ကိုလှမ်းယူလိုက်ကာ …

"Jeon တော်တော်ပြောင်းလဲသွားတယ်နော် "

လွန်ခဲ့သော နှစ်တွေက တွေ့ခဲ့ရသော Jeon သည်
နူးညံ့သိမ်မွေ့သူတစ်ယောက်။ အားနွဲ့သူကိုဖေးမ၍
လူကြီးသူမတွေကို ကူညီ တတ်သည့် သူတစ်ယောက်။
အရင်တွေ့ခဲ့စဉ် Jeon ၏ မျက်ဝန်းတို့သည် အရောင်
တလဲ့လဲ့နှင့် နူးညံ့သော မျက်ဝန်းတစ်စုံ ဖြစ်၍
ယခုတွေ့ရသည့် Jeon မျက်ဝန်းတို့သည့် ယခင်
ကနှင့် မတူ ခက်ထန်သော အကြည့်တစ်ချို့သာ စိုးမိုး
လျက်။

"ကျွန်တော် အဲ့အကြည့်တွေကို မကြိုက်ဘူး Jeon"

ကိုင်ထားသည့် ဘဲရုပ်လေးကိုဘေးနား ပြန်ချကာ
စိမ်နေသည့် ရေနွေးနွေးထဲသို့ ခေါင်းနှစ်ချထားလိုက်
သည်။ မျက်ဝန်းအစုံမှိတ်လိုက်တိုင်း Jeon ၏
ခက်ထန် တဲ့အကြည့်တွေကိုဘဲ ပြန်မြင်နေရတာကို
သူမုန်းသည်။ ဟင့်အင်း မုန်းသည်ထက် အလိုမရှိ
ခြင်း …သူက Jeon ရဲ့ နူးညံ့တဲ့ မျက်ဝန်းတွေကို သာ
မြတ်နိုးတန်ဖိုးထားသည်မို့ ။

"သခင်လေး ကျောင်းသွားဖို့နာရီဝက်ဘဲ လိုပါတော့
တယ် "

ရေချိုးခန်းအပြင်မှ သူကြားအောင် ပြောနေသည့်
အိမ်တော်ထိန်း Kim ကြောင့် ရေချိုး ကန်ထဲမှ
ထကာ ရေမြန်မြန်ပြီးအောင် ချိုးလိုက်သည်။

"အဝတ်အစား ပြင်ထားပါတယ် သခင်လေး "

ရေချိုးခန်းထဲက ထွက်လာသည်နှင့် သူ၏ ကျောင်း
ဝတ်စုံကိုကိုင်ကာ ရပ်စောင့်နေသည့် အိမ်တော်ထိန်း
Kim ကိုတွေ့ရသည်။ ခါးအောက်ပိုင်းပတ်ထားသည့် သပတ်ကို တင်းနေအောင် ပတ်လိုက်ပြီး အိမ်တော်
ထိန်း Kim လက်ထဲမှ အဝတ်အစားတို့ကိုလှမ်းယူကာ …

Love is a Lie // TaeKook ( Completed )Where stories live. Discover now