Page { 18 }

3.9K 464 81
                                    

မဂ္ဂနီဆီယမ်နဲ့ ဆာလဖြူရစ် အက်စစ် ပေါင်းစပ်
်ဓာတ်ပြုတဲ့အခါ မဂ္ဂနီဆီယမ် ဆာလဖိတ် နဲ့
ဟိုက်ဒရိုဂျင်ကိုရရှိသည်။

ဒီလိုမျိုးဘဲ ခင်ဗျား အတွက် ဖြစ်ပေါ်လာရတဲ့
အချစ်ကလဲ ရိုးရှင်းပါတယ် … ။

ကျွန်တော့် ရဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေးနဲ့
ခင်ဗျားရဲ့ တောက်ပတဲ့ အပြုံးတွေပေါင်းစပ်
ဓာတ်ပြုလိုက်တဲ့ အခါ ကောင်းကင်က
ကြယ် တစ်ပွင့်ထက် လှပဆန်းပြားတဲ့
အချစ်ကို ရရှိသည်။

ကမ္ဘာပေါ် မှာနေထိုင်သွားလာနေကြတဲ့ လူတွေ
အသက်ရှည် ကျန်းမာစွာ တည်တံ့ နေဖို့ ရာ
အတွက် ဆေးမျိုးစုံကိုလိုအပ်သည် …။

ကျွန်တော့် အတွက် တော့ ခင်ဗျားဆိုတဲ့ ဆေး
ဘဲ လိုအပ်​သည်​ … ။

ဆေးဝါးတို့သည် လူတို့ကို ကျန်းမာ စေရန်
စွမ်းဆောင်၍ ပျော်ရွှင်ခြင်းကို ဆောင်ကျဉ်းပေး
သည်။ ခင်ဗျား၏ ဖြစ်တည်မှု သည် ကျွန်တော့်
အတွက် ဤကဲ့သို့ပင် …။

ဆေးဝါးတို့သည် လူအတွက်မည်မျှပင်
ကောင်းကျိုး ပြု စေကာမူ …
အလွန်အကျွံ သုံးစွဲမိတဲ့ အခါ
ဘေးအန္တရာယ် ဆိုတာဖြစ်လာနိုင်သည်။

ခင်ဗျားကဆေးတွေလိုဘဲ …
တောက်ပတဲ့ခင်ဗျားအပြုံးတွေကို
စွဲလမ်း၍ အရူးအမူး ချစ်မိသွားတဲ့
အခါ နာကျင်ခြင်းဆိုတဲ့ ဘေး ဥပါတ်
ဖြစ်ပေါ်လာရသည်။

သို့သော် နာကျင်ခြင်းတွေကို ဘေးချိတ်ကာ
ခင်ဗျား အပြုံးတွေအောက်မှာဘဲ အချိန်တစ်ခု
်မရောက်ခင်အထိပျော်ပျော်ကြီးခစားမယ်လို့
ဆုံးဖြတ်မိထားတဲ့ကျွန်တော် …။

ကျွန်တော် သိပ်ကို စွဲလမ်းမိနေသလား …Jeon ။

ရုတ်တရပ် နှာခေါင်းထဲသို့ တိုးဝင်လာသည့် တူးနံ့
ကြောင့် အတွေးတွေကို ဖျောက်ဖျက်ကာ မီး
ဖိုပေါ် တွင်တင်ထားသည့် ဒယ်အိုးကို လှမ်းကြည့်
မိတော့ ကြက်ဥ မည်းမည်းလေးက တစ်ဦးတည်း
အထီးကျန်စွာ … ။

လှီးလက်စ ကြက်သွန်နှင့် ကိုင်ထားသည့် ဓားကို
ဘေးချလိုက်ရင်း မီးမြန်မြန်ပိတ်ပစ်ရသည်။
မီးပိတ်ပစ်လိုက်သော်လည်း တူးနံ့ ပြင်းပြင်း
က မီးဖိုချောင် တစ်ခုလုံးကို ဖုံးလွှမ်းလျက်ပင် …။

Love is a Lie // TaeKook ( Completed )Tahanan ng mga kuwento. Tumuklas ngayon