76. အဆဲပြိုင်ပွဲ

1.9K 398 88
                                    

Main Cast ~ Min Yoongi

တစ်ခါက ကမ္ဘာ့အဆဲပြိုင်ပွဲ ကျင်းပလေသည်....။ အချိန်အကြာဆုံးနှင့် ဆဲနည်းမထပ်ပဲ ဆဲနိုင်သူ ပထမရမည်ဖြစ်သည်...။

ထိုပြိုင်ပွဲတွင် Min Yoongi က ဒိုင်အဖြစ် ပါဝင်ကူညီရလေ၏..။

ပြိုင်ပွဲစတင်သည်နှင့် ပထမဆုံး အမေရိကန်လူမျိုး ၀င်ပြိုင်သည်..။ ၁၅ မိနစ်ကြာအောင် ဆဲနည်းမထပ်ဘဲ ဆဲသွားသည်..။ တော်တော်ဆဲတတ်၏..။ ပရိတ်သတ် သဘောကျကြ၏..။

နောက် ရုရှားလူမျိုးတစ်ယောက် ၀င်ပြိုင်သည်..။ နာရီဝက်ကြာအောင် ဆဲနည်းမထပ်ဘဲ ဆဲသွားသည်..။ ပရိတ်သတ်လက်ခုပ်သံ တော်တော်ကျယ်၏..။

ထို့နောက် Facebook သုံးတတ်သည့် မြန်မာလူမျိုးတစ်ယောက် စင်ပေါ်တက်လာလေသည်။ သို့သော် ကံဆိုးချင်တော့ မိုက်ကြိုးကို ခလုတ်တိုက်မိပြီး ချော်လဲလေသည်။ ထိုသူသည် မိုက်ကို ဒေါသထွက်ထွက်ဖြင့် လက်ညိုးငေါက်ငေါက်ထိုးပြီး ဆဲလေတော့သည်..။

၁၅ မိနစ်၊ နာရီဝက်၊ ၁ နာရီကြာသွားသည်..။ ဆဲနည်းလုံးဝမထပ်ချေ...။ ၂ နာရီခန့်ပင် ကြာလေ၏။

Yoongi ဦးဆောင်သော ဒိုင်လူကြီးအဖွဲ့နှင့် ပရိတ်သတ်များ အားလုံး အံသြသင့်ကုန်ကြလေသည်။

ထိုသို့ အားရအောင် ဆဲပြီးသွားလေမှ ထိုပြိုင်ပွဲဝင်သည် Yoongi ရှိရာဘက် သို့ မျက်နှာလှည့်မူပြီး

"ဒိုင်လူကြီးများခင်ဗျာ..ကျွန်တော်စဆဲလို့ ရပါပြီလား ခင်ဗျာ" ဟုပြောလိုက်လေရာ

Yoongi အပါအ၀င် တခြား ဒိုင်လူကြီးများ ထိုင်ရာမှ ထကာ လက်ခုတ်သံပြိုင်တီးကြလေတော့သည်..။ ပရိတ်သတ် လက်ခုပ်သံကား နံရံတွေပင်တုန်ခါကုန်၏။

ထပ်ပြိုင်မည့် အခြားနိုင်ငံများမှ ပြိုင်ပွဲဝင်များပင် ဆက်မပြိုင်ရဲတော့ဘဲ အရှုံးပေးကြ၏။

သို့နှင့် Yoongi တို့ ဒိုင်လူကြီး များသည် အနှီ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ကို ရမှတ်ပြည့်ယုံသာမက ကျော်၍ပင်နေသဖြင့် ပထမဆုအပြင် အဆဲပါရဂူ ဆုပါ ထပ်မံချီးမြှင့်ရန် ဆုံးဖြတ်လိုက်ကြလေတော့သတည်း..။

The End

😂😂😂😂😂😂

တို့မီယန်​မာကွ 😝😝😝😝

BTS Make Me Smile [ Completed ]Where stories live. Discover now