39. ဆုတောင်း

2.7K 669 114
                                    

Main Cast ~

✌✌ Kim Seok Jin & Kim Tae Hyung

တနေ့၌ Kim Seok Jin နဲ့ Kim Tae Hyung ဟူသည့် သူငယ်ချင်း နှစ်ယောက် လမ်းမှာ အမှတ်တမဲ့ ဆုံကြသည်။

စကားစမြည်ပြောကာ လမ်းလျှောက်လာ ကြရင်းကနေ နှစ်ယောက်စလုံးမှာ အိမ်မွေးတိရစ္ဆာန်ချစ်သူများဖြစ်နေတော့ သူ့တို့မွေးထားသည့် အကောင်လေးများ အကြောင်း ပြောရင်းမှ TaeHyung က
"ငါ့မှာ ပြဿနာတစ်ခု ဖြစ်နေတယ်၊ ငါ့မှာ စကားပြောတတ်တဲ့ ကြက်တူရွေး အမတစ်ကောင်ရှိပေမဲ့ သူက စကားနှစ်ခွန်းပဲ ပြောတတ်တယ် ။

"သူ ဘာပြောတာလဲ" Jin က စိတ်ဝင်တစား မေးလေ၏ ။

"ငါက အပျိုလေးပါ ၊ ငါနဲ့ ကဲချင်သလား" လို့ပဲ သူက ပြောတတ်နေတယ်။

Tae ရဲ့ စကားအဆုံး " ဒါကတော့ ဆိုးဝါးတာပေါ့" ဟု Jin က အာမေဋိတ်သံဖြင့် ပြောသည် ။

"ဒါပေမဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ငါ့မှာရှိပါတယ်။ မင်းရဲ့ ကြက်တူရွေးကို ငါ့အိမ်ယူလာခဲ့ပါ။ သူ့ကို ငါ့ရဲ့ ကြက်တူရွေး အထီးနဲ့ အတူ ထားလိုက်မယ်။ ငါက ငါ့ရဲ့ကြက်တူရွေးကို လိမ်မာယဉ်ကျေးအောင် ဆုတောင်းစာရွတ်တတ်အောင် သေချာသင်ပေးထားတာ။ သူက မင်းကြက်တူရွေးကို ဒီလို မဖွယ်မရာတဲ့ စကားတွေ မပြောအောင် သင်ပေးလိမ့်မယ်။ အဲနောက် မင်းရဲ့ ကြက်တူရွေးမလေးဟာ ဘုရားရှိခိုး ဆုတောင်းတာတွေကို သဘောကျပီး သင်ယူလာလိမ့်မယ်" ဟု Jin က Tae ကို ရှင်းပြလိုက်လေသည်။

ထိုအခါ Tae လဲ ၀မ်းသာအားရဖြင့် Jin ကို ကျေးဇူးတင်ကြောင်း ဆိုလေ၏ ။

နောက်တနေ့တွင်တော့ Tae က သူ့ ကြက်တူရွေးကို Jin ၏ အိမ်သို့ ယူဆောင်လာသည်။ ထိုအချိန် Jin ရဲ့ ကြက်တူရွေးအထီးက လှောင်အိမ်ထဲတွင် ဆုတောင်းစာရွတ်နေလေသည်။

ထို့နောက် Tae ရဲ့ ကြက်တူရွေးမလေးကို ကြက်တူရွေးအထီးနဲ့ အတူ ထည့်ထားလိုက်ကြသည်။

ထိုအခါ ကြက်တူရွေးမလေးက "ငါက အပျိုလေးပါ ၊ ငါနဲ့ ကဲချင်သလား" ဟု စတင်ပြောလေ၏ ။

ထိုအခါ ကြက်တူရွေးအထီးက ကြက်တူရွေးမလေးကို မော့ကြည့်ပြီး အာမေဋိတ်သံဖြင့် စကားတခွန်း ရေရွတ်ပြောလိုက်သည်။

BTS Make Me Smile [ Completed ]Donde viven las historias. Descúbrelo ahora