3. ကြောက်လွန်းလို့

11K 1.9K 174
                                    

Main Cast ~ Min Suga & Jung Hoseok

Daegu မြို့နယ်ရှိ ရဲစခန်းတစ်ခုတွင် ရဲမှူးကြီး Min Suga သည် တော်သည် ၊ ထက်မြတ်သည်၊ သူ့လက်က လွတ်နိုင်သော အပြစ်သားမရှိ ဟု နာမည်ကြီးလေသည် ။

တစ်နေ့ဝယ် သူသည် ရဲစခန်းအတွင်းသို့ အရေးတကြီးဝင်လာသည် ။

ပြီးနောက် စခန်းတွင်းတွင် ဖမ်းမိထားသော သူခိုးများ ၊ မှောင်ရိပ်ခိုများ ၊ ဘိန်းဖြူတရားခံများဖြင့် အလုပ်ရှုပ်လျက်ရှိနေတော့သည်။

သို့သော် ၀င်လာစဉ်ကထဲက စခန်းအ၀င်ဝတွင် ကောင်လေးတယောက် တုန်တုန်ရီရီနှင့် ထိုင်၍နေသည်ကို သတိထားမိခဲ့သည် ။

ထို့ကြောင့် ရဲမှူးကြီး Suga တစ်ယောက် ဖမ်းမိထားသည့် တရားခံများကို စစ်ဆေးလိုက် နောက်ထပ် ဖမ်းမိထားသည့် တရားခံများကို စစ်ဆေးလိုက် ၊ နောက်ထပ်ဖမ်းရမည့် တရားခံစာရင်းပြုစုလိုက်နှင့် အလုပ်ရှုပ်နေရင်းမှ အပေါက်ဝတွင် ထိုင်၍ ကြောက်လန့်နေရှာသော အနှီ ကောင်ကလေးကို "ဘာအကြောင်းများရှိနေသလဲ" ဟု စဉ်းစားရင်း စိတ်ဝင်စားမိသွားသည် ။

ဒါပေမဲ့ အလုပ်ကိစ္စများ ပြီးပြတ်မှခေါ်မေးတော့မည်ဟု ဆုံးဖြတ်ကာ လုပ်စရာရှိသည်တို့ကို ဆက်လုပ်ပြီး ရုံးတင်တရားစွဲရမည့် တရားခံများကို ရုံးထုတ်ရန် စီစဉ်ရပြန်သည် ။

ထို့နောက် အားလုံးပြီးစီးသွားတော့မှ စခန်းအပေါက်ဝတွင် သူ့အားထိုင်စောင့်ရင်း စာဖတ်နေသည်ဟု ယူဆရသော ကြောက်ရွံ့နေသည့် ကောင်ကလေးရှိရာသို့ လျှောက်ကာသွားလိုက်သည် ။

ကောင်လေးရှိရာ ထိုင်ခုံရှေ့တည့်တည့်ရောက်တော့မှ

"မင်းက ဘယ်သူလဲ နာမည်ဘယ်လိုခေါ်လဲ"

ရဲမှူးပီပီ စစ်ဆေးမေးမြန်းသံ ခပ်မာမာဖြင့် မေးလိုက်တော့ အနှီလူငယ်လေးက မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ကာ မော့ကြည့်လာသည် ။

ပြီးနောက် ယူနီဖောင်း အပြည်အစုံဖြင့် ခန့်ညားလှသည့် ရဲမှူး Suga ကို မြင်သည်နှင့် ချက်ချင်း

"ဟို ကျွန်တော့် နာမည် Jung Hoseok ပါ "

ခပ်တုန်တုန်လေး ဖြေလေတော့

BTS Make Me Smile [ Completed ]Where stories live. Discover now