"တက္ကသိုလ်မှာအဆင်ပြေကြတယ်မလား"

ဒါက KyungSooဆီက စကားသံလေး...

"အေး အဆင်ပြေတာကတော့ ဟိုဘက်ကမ်းတောင်လွန်နေသေးတယ်တဲ့...
ပြီးတော့ ဟိုတစ်ပတ်က Hyungတို့မေဂျာFresher Welcomeလုပ်တာ Hyungက Major Kingဖြစ်သွားတယ်တဲ့ကွ"

ထမင်းတွေလည်းစားရင်း စကားလည်း အားပါးတရပြောနေသည့် DaeMinက အလွန်ပင်တက်ကြွနေဟန်...

ပြီးတော့ဆက်ပြောတယ်...

"JongIn Hyungကတော့ Face of The Majorဆိုပဲ..ပြီးတော့လေ JongIn Hyungကို ကြိုက်နေတဲ့ ကောင်မလေးတွေဆို အများကြီးပဲတဲ့..တစ်ချို့ဆို စာတောင်လာပေးတယ်တဲ့ကွာ"

"အေးလေ Stateကျောင်းသားဘဝမှာထဲက JongIn Hyungက မိန်းကလေးတွေ အသည်းစွဲကို အခုဆိုရင်တော့ ပိုပြီးမျက်နှာပန်းပွင့်ပြီပေါ့"

ထုံးစံအတိုင်း တည်တည်ငြိမ်ငြိမ်ဖြင့် KyungSooက စကားဆိုနေလေ၏...

"စာလာပေးတော့ရော JongIn Hyungက ယူတယ်တဲ့လား"

KyungSooရဲ့ မျက်နှာအမူအရာကို မလွတ်တမ်းကြည့်နေရင်းပင် သိလိုသည်အား မေးလိုက်သည်...

"Hyungပြောတာတော့ မယူဘူးတဲ့ အကုန်လုံးကိုငြင်းလွှတ်တာတဲ့ကွ"

ဒီစကားကို DaeMinက KyungSooကိုကြည့်ရင်း ပြောသည်...

"KyungSoo"

"ဟင်"

DaeMin၏ ခေါ်သံတိုးတိုးအဆုံး ဟင်ဟုသာ အသံပြု၏...

ကျွန်တော်လည်းDaeMinဘာပြောမလဲ ဆက်နားစွင့်နေလိုက်သည်...

"JongIn Hyungကို..မလွမ်းဘူးလား"

တိုးတိုးလေးပေမယ့် အတူတူထိုင်နေတဲ့ ကျွန်တော်တို့အတွက်တော့ ကောင်းကောင်းကြားနိုင်သည်...

"ကျိန်းသေလွမ်းရမယ့်အကြောင်းအရင်း ရှိလို့လား"

"သွေးအေးလိုက်တာ"

ဆူပုတ်ပုတ်ပြောသည့် DaeMinစကားအဆုံး ခပ်ဟဟရယ်မိတာနဲ့ တစ်ပြိုင်နက် သက်ပြင်းတစ်ခုကိုပါ မသိမသာချမိလိုက်သည်...

🐻🐧🐻🐧🐻🐧🐻🐧🐻🐧🐻🐧🐻🐧

ညနေဘက်ကာယအချိန်၌ ဘောလုံးကွင်းထဲတွင် ကျောင်းသားကျောင်းသူတွေ စုံနေပြီဖြစ်၏...

Obviate Difficulties By LoveWaar verhalen tot leven komen. Ontdek het nu